အပိုင်း(၅)

266 23 0
                                    

စာရွက်ဖြူနှစ်ရွက်ကို စားပွဲပေါ်တင်ထားပြီး တစ်ဖက်တစ်ချက်စီက ခုံပေါ်တွင် လူနှစ်ဦးမျက်နှာချင်းဆိုင် ထိုင်နေလေသည်။

Li Di Kun၏ပြောင်းလဲသွားသည့် ကံကြမ္မာ။

အသွားမတော် တစ်လှမ်းတဲ့။ အစားမတော် တစ်လုတ်ဆိုသလိုပဲ အခုတော့ Di Kunတစ်ယောက် လင်ရပြီ။ အဲ စာချုပ်နဲ့ ချစ်သူလို့ခေါ်မလား။

စာရွက်က နှစ်ဦးသဘောတူစာချုပ်။ တွဲနေတာ တစ်နှစ်ရှိပါပြီလို့ပြောတဲ့ ဘဲကြီးလည်း ခုတော့ မလူးသာ မလှုပ်သာ။

Wangမိသားစုအမြင်မှာတော့ Li Di Kunသည် Wang Rou Lin၏ ချစ်သူကောင်လေး။

အတူတူနေပြီး Di Kunနောက်နှစ်ကျောင်းပြီးမှ လက်ထပ်ပွဲကို လုပ်ဆောင်မည်ဟု Wangအကြီးအကဲတွေက သတ်မှတ်လိုက်ကြသည်။

ထားပါတော့။ ဒါကလူကြီးတွေအပိုင်း။ Wang Rou Linရော Li Di Kunရောရဲ့ ဆန္ဒကတော့ ဘိုးဘိုးစိတ်မဆင်းရဲအောင် တစ်အိမ်ထဲ အတူတူနေပြမည်။

စာချုပ်ထဲတွင်တော့ တစ်နှစ်တိတိသာ သဘောတူထားသည်။ ဒီနှစ်နောက်ပိုင်းမှသာ Rou Linက နှစ်ဦးသဘောတူ ပြတ်ဆဲသည်ဟု Wangမိသားစုကို ထုတ်ပြောမည်ဖြစ်ကာ စာချုပ်ကို တရားဝင် ရပ်တန့်မည် ဖြစ်သည်။

Wangမိသားစုသာ သိရှိထားသည့် Wang Rou Linနှင့် Li Di Kun၏ relationship။

လက်ထပ်ပွဲကြမှ အားလုံးကို အသိပေးမည်ဟု လူကြီးတွေကို ပြောထားရသည်။

ဘာလို့ဆို စာတွေများလာသည့် Di Kun က ဘွဲ့ယူမည့်နှစ်မို့ စိတ်ရှင်းရှင်းဖြင့်သာ စာလုပ်ချင်ကြောင်း Wangမိသားစုကို အကြောင်းပြထားလေသည်။

______________________
______________________

စာချုပ်ပါအချက်လက်များ။
_______________________
_______________________

(၁) သူစိမ်းများရှေ့တွင် နှစ်ဦးသား မသိသလိုနေရမည်။

(၂)Wangမိသားစုအရှေ့တွင်( အဓိက ဘိုးဘိုးကြီးရှေ့) လိုက်လျောညီထွေ နေရမည်။ {ဥပမာ_ပွေ့ဖက်ခြင်း၊ လက်ကိုင်ခြင်း}

(၃)မိမိတို့နှစ်ဦး၏ ဆက်ဆံရေးကို Wangမိသားစုမှလွဲ တတိယလူ မသိစေရ။

(၄)ချစ်သူရည်းစား မထားရ။

(၅)Li Di Kunကို တစ်လလျှင် ဒေါ်လာ (၁၀,၀၀၀)ပေးရန် နှင့် စာချုပ်ပြည့်သည့်အခါ ယခုနေသည့် ဗီလာကို Li Di Kunအပိုင်အဖြစ် ပိုင်ဆိုင်ခွင့်ပေးမည်။

ရည်ရွယ်၍.........! (ရည်ရွယ်၍ .........!) (Completed)Dove le storie prendono vita. Scoprilo ora