အပိုင်း(၁၃)

205 20 0
                                    

သူငယ်ချင်းတွေလာလည်ပြီး ပြန်သွားသည်မှာ ဒီနေ့နဲ့ဆို ဒုတိယမြောက်ရက် ဖြစ်လေသည်။

ယနေ့ညနေပိုင်းတွင် နေရာတစ်ခုသို့ သူနှင့်အတူသွားရမည်ဟု Lin Geက ပြောလေသည်မို့ Dai Kun သပ်ရပ်သန့်ရှင်းတဲ့ အဝတ်အစားတို့ကို ဝတ်ဆင်လိုက်သည်။

သို့သော်လည်း ခဏနေတော့ အကို Luက ဒါဝတ်ခဲ့ပါဟု လာပို့ပေးသည့် အဝတ်အစားတို့နှင့် လဲလှယ်ကာ ဝတ်လိုက်ရသည်။

အနက်ရောင်ရှပ်လက်ရှည်ပေါ် အနီရောင်ကုတ်ထပ်ဝတ်ထားသည့်သူက မြင်နေကျ Li Dai Kun၏ ကျောင်းသားဟန်ပန်လေး ပျောက်ကွယ်သွားကာ တက်ကြွလန်းဆန်းတဲ့ ခေတ်လူငယ်ကောင်လေးအသွင် ပေါ်ပေါက်လာတော့သည်။

"ဒေါက် ဒေါက် ဒေါက်"

"Kun Er...အဆင်သင့်ဖြစ်ပြီလား"

"ဟုတ်ကဲ့ Lin Ge"

ပြန်ဖြေပြီး တံခါးကို ဖွင့်လိုက်တော့ တံခါးရှေ့တွင် အနောက်တိုင်းဝတ်စုံ နက်ပြာရင့်ရောင်ဝတ်စုံဖြင့် Lin Geရဲ့ နဂိုရှိရင်းစွဲ ခန့်ငြားတဲ့ရုပ်သွင်ကို ပို၍မြှင့်တင်ပေးထားသည်။

လက်တံတောင်ကွေးပေါ်တွင် ကုတ်အင်္ကျီအရှည် ကြက်သွေးရင့်ရောင်စွေးစွေးကို လွှားတင်ထားကာ အခန်းဝတွင် စမတ်ကျကျရပ်နေသည်။

" သွားရအောင်"

"အာာာ ဟုတ်"

ငေးကြည့်နေမိရာမှ အကြည့်လွှဲရင်း ခေါင်းညိတ်ရသည်။

"ဒီနေ့က ဘာပွဲရှိလို့လဲဟင်"

Li Dai Kunသည် ယနေ့သွားရသည့်နေရာကို ရှင်းရှင်းလင်းလင်းမသိထားသည့်သူမို့ Wang Huo Linကို မေးလိုက်လေသည်။

"Kun Erက ဘာပွဲထင်လို့လဲ"

မေးခွန်းကို မေးခွန်းဖြင့်ပြန်တုန့်ပြန်လိုက်သည့် Lin Geက သဘောကျကာ ရယ်မြူးရိပ်သန်းနေလေသည်။

"ကျွန်တော် မသိလို့မေးတာလေ ဟမ့်!!!"

*ဟမ့်* ဟုနှာမှုတ်သံဖြင့် မြည်တွန်သွားသည့်ကောင်လေးက ယနေ့ သူနှင့်အပြင်အတူတူ ထွက်ရသည်မို့ စိတ်လှုပ်ရှားနေဟန်တူသည်။

"စိတ်မလှုပ်ရှားနဲ့ ကိုယ်ရှိတယ်"

လက်ဖဝါးတစ်ဖက်ကို ဆွဲယူကာ သူ၏လက်ဖဝါးကြီးထဲ ထည့်ကိုင်လိုက်ပြီး အိမ်ရှေ့တွင် စောင့်နေသည့် ကားပေါ်ကို ခေါ်ဆောင်သွားလေတော့သည်။

ရည်ရွယ်၍.........! (ရည်ရွယ်၍ .........!) (Completed)Where stories live. Discover now