အပိုင်း(၁၂)

184 19 0
                                    

"Kun Er... Kun Er"

ပုခုံးလေးကိုကိုင်ကာ လှုပ်နှိုးလိုက်တော့ မျက်တောင်ဖျားတို့က တဖျပ်ဖျပ်ခတ်ကာ Huo Linကို ကြည့်လာသည်။

အိပ်ပျော်နေခြင်းနှင့် နိုးထခြင်းရဲ့ကြားထဲမှာ မသဲကွဲနေသေးသလိုပင်။

"မပွတ်နဲ့ Kun Er မျက်စိနာမယ်"

မျက်လုံးတို့ကို လက်ဖမိုးဖြင့် ပွတ်ဟန်ပြင်တော့ Huo Lin သည် ထိုလက်ဖျားတို့ကို ဆုပ်ကိုင်ကာ ဖယ်လိုက်ရသည်။

"အင်းးး... Lin Ge ပြီးပြီလား"

အိပ်ချင်ပြေဟန်မပေါ်သေးသည့် မျက်လုံးအကြည့်တို့ဖြင့် Huo Linကိုကြည့်လိုက်သည်။

" ကိစ္စတွေကပြီးပြီ၊ ဒီရက်ပိုင်း ကျောင်းမသွားလို့ဖြစ်လား၊ ကိုယ် အမြန်ပြီးအောင် ဖြတ်ပေးပါ့မယ်"

ညင်သာနေသည့် လေသံတို့က ကိစ္စအားလုံးကို ယုံကြည်ပေးစေချင်သည့် အရိပ်အမြွက်ပါသည်။

" ကျွန်တော်က ရပါတယ် Lin Geသာ"

ခုတလော Leatureချိန်တွေ အရမ်းများနေပေမယ့် Xi Yanတို့ကို အကူညီတောင်းလိုက်ရင် ရလေသည်။

"ကိုယ်က ရတယ်... Kun Erကိုပဲ စိတ်ပူတာ"

ဆိုဖာပေါ် ထိုင်နေသည့် Kun Erရဲ့ရှေ့ဘက်တွင် မုဆိုးဒူးထောက်ထိုင်ရင်း အိပ်ယာနိုးခါစ Kun Er၏ ရှုတ်ပွနေသော ဆံပင်အချို့ကို သပ်တင်လိုက်သည်။

ထိုမြင်ကွင်းကို Wang Luမှာ ခိုး၍ မှတ်တမ်းတင်လိုက်လေတော့သည်။

" Kun Er ဘာစားချင်လဲ၊ စားချင်တဲ့မုန့်တွေ စာရင်းလုပ်ထား၊ သူငယ်ချင်းတွေအတွက်ပါ ထည့်ရေးလိုက်၊ စားချင်တဲ့ ဟင်းတွေ အန်တီကြီးကို လုပ်ခိုင်း"

Huo Linသည် Kun Er၏ ဆံပင်လေးတွေကို အကြောင်းမဲ့ ထိကိုင်နေမိရင်း ပြောလိုက်သည်။

"Lin Geက ဘယ်သွားမလို့လဲ"

တစ်နေရာရာကို သွားမယ်ထင်လိုက်သည်မို့ Kun Erမှာ မေးလိုက်ရသည်။

"ကိုယ့်ကိုယုံတယ်မလား"

Huo Lin၏ မျက်ဝန်းအကြည့်ထဲတွင် မျှော်လင့်ချက်ဖြင့် စိတ်အားထက်သန်နေသည်။

ရည်ရွယ်၍.........! (ရည်ရွယ်၍ .........!) (Completed)Where stories live. Discover now