အပိုင်း(၁၁)

184 19 2
                                    

နောက်တစ်နေ့မနက် Onlineပေါ်တွင်။

ရှိသမျှအဆင်ငါ့လင်/// " ဟယ် နတ်ဘုရားWangက Lu Yi Wanနဲ့ တွဲနေကြသတဲ့"

Wang Huo Linက ငါ့ယောကျာ်း/// "OMG...ငါ့ရဲ့မျှော်လင့်ချက်လေး ငါ့ရဲ့ နတ်ဘုရားလေး နင် ငါ့ကို ရက်စက်"

အစစ်မတွေဘေးဖယ် Shouလေးလာနေပြီ/// "ငါမယုံနိုင်ဘူး၊ ငါ့မျက်ရည်တွေကြောင့် ငါ့အခန်းလေး ရေမြုပ်နေပြီ"

တလောကလုံး ငါအချောဆုံး/// " ရုပ်ရှင်ဘုရင်ကြီးက နောက်ဆုံးတော့ နတ်မိမယ်လေးနဲ့ တွဲခုတ်သွားပြီတဲ့"

Wang Huo Linက ငါ့ယောကျာ်း/// "အပေါ်ကတစ်ယောက် ဘယ်နားက နတ်မိမယ်လဲ "

အစစ်မတွေဘေးဖယ် Shouလေးလာနေပြီ/// "Wang Huo Linက ငါ့ယောကျာ်း +1"

ကိုကြီးနဲ့ မနီးစပ်မချင်း ကြိုးစားမယ်///" Wang Huo Linက ငါ့ယောကျာ်း +2"

ဗူးဆို ဖရုံမသီးတဲ့ သမီးအလိမ္မာလေး/// " Wang Huo Linက ငါ့ယောကျာ်း +3 "

Wangကောကောရင်ငွေ့ခုံလှုံနေတဲ့ အချောလေး/// " Wang Huo Linက ငါ့ယောကျာ်း +4 "

တလောကလုံး ငါအချောဆုံး/// "........"

ထိုကဲ့သို့ ဂယက်ရိုက်နေသည်က ညနေစောင်းအချိန်တွင် လူသွားလူလာရှင်းလင်းသည့် စားသောက်ဆိုင်အတွင်းပိုင်းက Private roomတွေနား Lu Yi Wan ရှက်ရွံ့နေဟန်ပေါ်သော အပြုံးလှလှလေး နှင့် Wang Huo Linတို့၏ ခန့်ငြားလှစွာ ယှဉ်ရပ်နေသည့်ပုံက Weibo တွင် Hot Search one ပြေးနေလေကာ အွန်လိုင်းသုံးစွဲသူတို့၏ ဝေဖန်မှုများရော၊ ချီးကျူးမှုများ၊ ငိုကြွေးသံများ စုံလင်စွာ ထွက်ပေါ်လာလေသည်။

ထိုသို့ငြင်းခုံနေသည့် လူအုပ်စုကြားထဲ နောက်ထပ် တစ်ယောက်က ဂယက်လှိုင်းကို ပိုကြီးအောင် လုပ်လိုက်လေတော့သည်။

သူပြောထားတာကတော့ ရှင်းရှင်းလေးနှင့် စကားလုံးငါးလုံးတည်းသာဖြစ်သည်။

လောကမှာ မိဘကအရေးကြီးဆုံး/// " အပေါ်က အကို၊အမတို့ သတင်းမှားကြီးနဲ့ ပူဆွေးမနေကြပါနဲ့တော့။ ဒါလေးကမှ **စစ်မှန်တဲ့CP** လို့ ငါလေးထင်နေတာပါနော်၊ နင်တို့ရော ဘယ်လိုမြင်လဲ "

ဆိုပြီး ပုံတစ်ပုံပါ တွဲပို့လာလေသည်။

ထိုပုံကတော့ အခြားPrivate roomဖြစ်နေကာ Lu Yi Wanနှင့် စကားရပ်ပြောနေသော အခန်း၏ မျက်စောင်းထိုးအခန်းပင် ဖြစ်လေသည်ကို ပုံထဲတွင် ပြတ်သားစွာ မြင်နေရသည်။

ရည်ရွယ်၍.........! (ရည်ရွယ်၍ .........!) (Completed)Where stories live. Discover now