Part 9 ( Uni )

21.5K 2.2K 80
                                    

ဝိုင်(Y)

Part 9

Unicode

"ကိုကို မီးတွေ "

မီးသတ်ပိုက်များဖြင့် ငြိမ်းသတ်နေသော်လည်း အားကောင်းလွန်းသည့် မီးစများကြောင့် တောက်လောင်နေဆဲ တိုက်ခန်းများသို့ ကြည့်ကာ ကျောပေါ်ရှိ ရတီလေးသည်လည်းအသံတိုးတိုးလေးဖြင့် စကားဆိုလာသည်။

ဝိုင် , ဆိုးဝါးလွန်းသည့် ကံကိုလည်းအပြစ်ပင်မတင်ချင်တော့ပါ ။

"ကိုယ်နဲ့လိုက်ခဲ့ ဝိုင် "

လက်တစ်ဖက်အားလာဆွဲသည့်ကြောင့် ကြည့်လိုက်တော့ ဦးသွေး ဖြစ်နေသည် ။

သွေး , Sunday မို့ သော်ကတို့အိမ်တွင် စကားပြောနေကြရင်း အင်တာနက်တွင်တက်လာသော အကြီးစား မီးလောင်မှု့အား မိုးထက်မှပြလာသောအခါ ဝိုင် နှင့် သူ့ ညီမလေး၏ ပုံရိပ်အားမျက်လုံးထဲမြင်လာခဲ့သည် ။ ထို့ကြောင့် မနေနိုင်စွာပင် ဝိုင် တို့အိမ်ဘက်သို့ထွက်လာခဲ့သည် ။ ရောက်သည်ဆိုရင်ပဲ တွေ့လိုက်ရသည်က ညီမဖြစ်အား ကုန်းပိုး ကာ လောင်ကျွမ်းလျက်ရှိနေသော တိုက်အားခြေစုံရပ်၍ ကြည့်နေသော ထိုကောင်လေး ။ မီးများကလည်း အားပြင်းစွာ တောက်လောင်နေမှုကြောင့် ငြိမ်းသတ်နေရသည့် မီးသတ်သမားများနှင့် တချို့သော ဒဏ်ရာရသည့်လူတွေလည်းမနည်းပင် ။ သွေး , လိုက်ခဲ့ရန်ပြောသော်လည်း အဖြေပင်ပြန်မလာပဲ ကျောက်ရုပ်သဖွယ်ဖြစ်နေသည့်ကောင်လေးအား လက်ဆွဲကာ ရပ်ထားသည့် ကားစီသို့ခေါ်လာခဲ့လိုက်သည် ။

"တက် "

ကား တံခါးဖွင့်ကာဝင်ခိုင်းလိုက်တော့ မျက်လုံးဝိုင်းဝိုင်းလေးဖြင့်ကြည့်လာပြန်သည် ။ ညာဘက်မျက်ဝန်းအိမ်လေးထဲရှိ မှည့်နက်ကလေး လည်း ထိုကောင်လေး၏မျက်ဝန်းကိုပုိမိုအသက်ဝင်စေ၏ ။

"CEO ကဘယ်လိုလုပ် ..? "

"ကားပေါ်အရင်တက် "

ဝိုင် , ရတီလေးအား ကားနောက်တံခါးဖွင့်ပေးကာအရင်ဝင်ထိုင်စေလိုက်ပြီး ကိုယ်ကတော့ ရှေ့ခန်းတွင်သာ ထိုင်လိုက်သည် ။ CEO မောင်းသည့်ကားကို အခန့်သင့်မောင်နှမနှစ်ယောက် နောက်ကလိုက်စီးလျှင် မသင့်တော်ဘူးမှတ်လား ။

ဝိုင် ( Y ) [Completed]Where stories live. Discover now