Part 29 ( Uni )

19.7K 1.9K 118
                                    

ဝိုင်(Y)

Part 29

Unicode

"ကိုသွေး ဒါ New Year အတွက် Plan ပါ "

မကြာခင် နှစ်သစ်ကူးတော့မှာဖြစ်တာကြောင့် အမြဲ Company ရှိ ဝန်ထမ်းများအတွက် ပွဲ သို့မဟုတ် ခရီးတစ်ခုခု စီစဥ်ပေးလေ့ရှိသည်မို့ ရှိုင်း ကိုသွေးအားတင်ပြလိုက်သည် ။

"အင်း..ကောင်းပါတယ် စီစဥ်လိုက် "

ချောင်းသာသို့ နှစ်ညအိပ်သုံးရက် အစီအစဥ်ဖြစ်တာကြောင့် ရှိုင်း တို့အစီအစဥ် တိုင်းသာဆက်လုပ်စေလိုက်သည် ။

🌾🌾🌾

"သတင်းကောင်းပါတယ်ဟေ့ "

အစ်မရွှေစင် မှရုံးခန်းထဲရှိလူများကို White Board ရှေ့တွင် ရပ်ကာ အသံပြုလာ၏ ။

"ဘာများလဲ ရွှေရွှေ ရဲ့ ၊ ပြောပါဦး "

အစ်မကူးကူးတို့မှလည်းဝင်၍မေးလာကြသည် ။

"အဟမ်းအဟမ်း..ပြောမယ်နော် "

"ဪ ပြောပါဆို "

တစ်ယောက်နှင့်တစ်ယောက်သိချင်အောင် လုပ်နေကြသည့် အစ်မတွေကြောင့် ဝိုင် သဘောကျပြုံးမိပါသည် ။ ကိုယ့်ကိုလည်းအငယ်ဆုံးပေမဲ့တကယ်ကိုဖေးမပြီး သင်ပေးကြသည်လေ ။

"ပြောမှာကတော့...ဒီတခေါက် New Year Trip က ချောင်းသာ တဲ့ဟေ့ "

"Wow...မိုက်တယ် ပျော်စရာကြီးနေမှာ ၊ Covid ကြီးပြီးထဲက ခရီးတွေမထွက်ဖြစ်တာ အခုမှပဲ သွားရတော့မယ် "

"ဟုတ်တယ် ကဲလို့ရပြီဟေ့ "

အစ်မရွှေစင် ပြောလိုက်တာနှင့် ဘေးမှာရှိသည့် ကိုဥက္ကာတို့ အစ်မနွယ် တို့ကလည်းတစ်ယောက်နှင့် တစ်ယောက် စကားများပျော်ရွှင်စွာပြောနေကြတော့သည် ။

"အဲ့တော့ ဒီရက်ထဲ ကိုယ့်တာဝန်ယူထားတာတွေလည်း ပြီးအောင်ဖြတ်ကြတော့နော် ၊ Project အသစ်ကလည်းခရီးကပြန်လာတာနဲ့စမှာ "

Marker Pen လေးဖြင့် White Board အားခေါက်ကာ ထပ်မံသတိထားပေးလာတော့မှ အားလုံးလည်း Project အကြောင်းသတိရပြီး အလုပ်စားပွဲ ဆီပြန်ထိုင်ကြတော့သည် ။

ဝိုင် ( Y ) [Completed]Where stories live. Discover now