Part 48 ( ZG ) 🔞

11.6K 466 4
                                    

ဝိုင် ( Y )

Part 48

Zawgyi

Warning : 🔞🔞🔞

မိမိရင်ခွင်ထဲတွင်နှစ်ခြိုက်စွာ အိပ်ပျော်နေသော ကောင်ငယ်လေး၏ နှဖူးလေးအား ခပ်ဖွဖွနမ်းရှိုက်လိုက်ပြီး မျက်စောင်းထိုးရှိ Market ရှိရာသို့ ခေါင်းစွပ်ပါသော အပေါ်ဝတ်တထည်ကောက်ဝတ်ကာ သွေး ထွက်လာလိုက်သည် ။ လေ့လာထားတဲ့နည်းအရတော့ အတူတူနေပြီးတဲ့ သုံးရက်လောက်အထိတော့ အစာပျော့ပျော့ သာစားပြီး အစပ်တွေရှောင်ရန်လိုအပ်သည်လေ ။ အကိုက်အခဲပျောက်ဆေးတချို့ကလည်း မပါမဖြစ် ။ ထိုကြောင့် လိုအပ်သည်များကို ခပ်မြန်မြန်ဝယ်ခြမ်းနေလိုက်သည် ။ ကြာနေမြှဖင့် Bae နိုးလာလို့ ကိုယ့်အားမတွေ့ပါလျှင် စိတ်ပူနေဦးမယ် ။

"ဦး.."

ညကပင်ပန်းပြီး လူကမလှုပ်ချင်နိုင်လောက်အောင်ဖြစ်သွားသည်မို့ ဦး လုပ်ပေးသမျှ ငြိမ်ခံကာ လွမ်းနေသော ရင်ခွင်ကျယ်ကြီးအား ဖက်ပြီး အိပ်ရာဝင်လိုက်တာ ဘယ်လိုတောင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့သည်မသိ ။ နေရောင်ခြည် အလင်းတန်းလေးကြောင့် နှိုးလာတော့ ကုတင်ပေါ်တွင် ဦး ကရှိမနေခဲ့ ။ အိမ်ရှေ့ဧည့်ခန်းထဲတွင်လည်း ရှိမနေ..Luggage လေးကတော့ Wardrobe ဘေးတွင်ထောင်လျက်ရှိနေသေးသည် ။ နေ လည်းအနည်းငယ်ထွက်လာပြီဖြစ်တာကြောင့် နေလည်စာထမင်းချက်ရန်အတွက် ဆန် နှစ်လုံးအားပေါင်းအိုးထဲထည့်ကာ ဘေစင်တွင်ဆန်ဆေးနေလိုက်သည် ။

"ဟာ..Bae ဘာတွေလုပ်နေတာလဲ ၊ အေးဆေးကုတင်ပေါ်မှာအနားယူနေလေကွာ..ပင်ပန်းထားတာကို "

လက်ထဲတွင်လည်း အိတ်မျိုးစုံတို့ဖြင့် ဦး ပုံစံကအခုလိုမြင်ရတော့လည်း လူငယ်လေးပုံစံ ။

"ဦး ကဘယ်သွားနေတာလဲ ၊ လက်ထဲမှာလည်းအထုပ်တွေနဲ့ "

"Bae အတွက် အဆင်ပြေအောင် ဆေး နဲ့ စားစရာသွားဝယ်လာတာ ၊ အိမ်ရှေ့က Sofa မှာသာ အေးဆေး သွားထိုင်နေ ၊ ကို ပန်းကန်ထဲထည့်ပြီး ယူလာခဲ့မယ် "

အထုပ်တွေထမင်းစား စားပွဲပေါ်သို့ချကာ ထိုကောင်လေးအား အိမ်ရှေ့ခန်းသို့ သွားစေပြီး ဝယ်လာသည့် စားစရာအချို့ အားပန်းကန်ထဲသို့လှယ်ထည့်ပြီးမှသာ ကိုယ်တိုင်သယ်လာခဲ့သည် ။

ဝိုင် ( Y ) [Completed]Where stories live. Discover now