Part 46 ( ZG )

8.9K 494 12
                                    

ဝိုင် ( Y )

Part 46

Zawgyi

"ဖိုးမြေး တိုင်းတပါးမှာ အဆင်ပြေချောမွေ့ပါစေကွာ ၊ ကူညီမယ့်သူစောင့်ရှောက်မယ့်သူတွေနဲ့သာ ဆုံပြီး ရန်သူမျိုးငါးပါးရန်မှကင်းဝေးပါစေ "

လေဆိပ်မထွက်ခါမီ ဦး နဲ့ ဖိုးဖိုး တို့အား ဧည့်ခန်းထဲတွင် ဦးသုံးကြိမ်ချ၍ရှိခိုးတော့ ဖိုးဖိုးမှဆုပေးလာ၏ ။

"ကိုယ် လည်း ဖိုးဖိုး ဆုပေးသလိုပါပဲ ၊ ဝိုင် အစစအရာရာ အဆင်ပြေချောမွေ့ပါစေ "

"ပေးတဲ့ဆုနဲ့ ပြည့်ပါစေ ဖိုးဖိုး နဲ့ ဦး ၊ ကျန်းမာရေးဂရုစိုက်ကြပါနော် ၊ ကျွန်တော်လည်း အမြန်ဆုံးပြန်လာနိုင်အောင် ကြိုးစားပါ့မယ် "

"မီးမီးကိုလည်း စိတ်ချနော် ကိုကို ၊ ဖိုးဖိုး နဲ့ ဦးဦး တို့ စကားနားထောင်ပြီး စာလည်းကြိုးစားပါ့မယ် "

ဘေးတွင်ထိုင်နေသော ရတီလေးကပါ ဝိုင့် လက်ကိုဖက်ပြီးပြောလာတော့ ညီမလေးအားပွေ့ဖက်လိုက်ပြီး ပါးအိအိလေးနှစ်ဖက်ကို မွှေးကြူလိုက်သည် ။ သူ့ညီမလေးလည်း အသက်ငယ်ငယ်လေးနဲ့မလိုက်ဖက်နိုင်အောင်ကိုပဲ ရင့်ကျက်လာပါတယ်လေ ။

"ကဲ သွားကြစို့လေ "

ဦး သတိပေးလာမှသာ ဝိုင် လည်း ညီမလေးကိုဖက်ထားရာမှ ခွါလိုက်ပြီး ဦးရွှေ နှင့် ဒေါ်ထား တို့ကိုပါ နှုတ်ဆက်ပြီးမှ ကားပေါ်တက်လာခဲ့သည် ။

"အစစအရာရာ အဆင်ပြေပါစေ ဝိုင် "

ရှေ့ခန်းတွင် ကားမောင်းပေးသည့် ကိုရှိုင်းမှလည်း ဆုမွန်ကောင်းတောင်းပေးလာသည် ။ ဦး ကလည်း ဝိုင့် လက်ဖဝါး နှစ်ဖက်လုံးအား သူ့လက်ထဲတွင်ထည့်၍ အုပ်မိုးကာဆုပ်ကိုင်ထားသည် ။

"ကျေးဇူးပါ ကိုရှိုင်း..အန်တီ နဲ့ သည်းသည်း ကိုလည်း ကျွန်တော်ကသတိရနေပါတယ်ကျန်းမာရေးလည်းဂရုစိုက်ကြပါလို့ပြောပေးနော် "

"အစ်ကို ပြောလိုက်ပါမယ် "

ရှိုင်း မောင်းနှင်လာသော ကားလေးသည်လည်း အပြည်ပြည်ဆိုင်ရာလေဆိပ်သို့တဖြေးဖြေးနီးကပ်လာသည် ။ သွေး ဒီကောင်လေး၏ အငွေ့အသက်လေးတွေကို အခုဆို လွမ်းနေရတော့မှာ ... ။ ခပ်အုပ်အုပ်ဆံပင်ဝါဝါလေးတွေကို နမ်းရှိုက်လိုက်တော့ ငြိမ်၍နေသည် ။

ဝိုင် ( Y ) [Completed]Where stories live. Discover now