Part 58 ( Uni )

17K 1.6K 204
                                    

ဝိုင် ( Y )

Part 58

Unicode

"Happy Birthday ဖိုးဖိုး "

မွေးနေ့မနက်ခင်း ဖြစ်သည်မို့ ဦးခန့်ညား , ဘုရားခန်းထဲတွင် ဝတ်ပြုပြီး ပြန်ထွက်လာတော့ ရတီလေး က ပါကင်ပိတ်ထားသောဘူးလေးတစ်ဘူးကိုလက်ထဲ ကမ်းပေးလာကာ Happy Birthday ဟုပြောလာသည် ။

"ဘာတွေတုန်း မြေးလေးရ "

ဒီနှစ်ကော ရတီလေး ဘာတွေများ လက်ဆောင်ပေးလဲဟု ဦးခန့်ညား သိချင်မိပါတယ် ။ မိမိအိမ်ကိုစရောက်လာပြီး မွေးနေ့ကို ဖြတ်သန်းလာသည့် နှစ်တိုင်း မုန့်ဖိုးလေးတွေစုကာ Handmade Postcards တွေနှင့် ဆုတောင်းစကားလေးတွေ ရေးပေးပြီး လက်ဆောင်ပေးတတ်သည်လေ ။

"သိချင်ရင် ဖွင့်ကြည့်ပေါ့ ဖိုးဖိုးရ "

"ဟုတ်ပါပြီ ဖိုးဖိုးမြေးမလေးရာ "

ဦးခန့်ညား , ထိုင်ခုံတွင်အသာထိုင်ရင်း ပါဆယ်ဘူးလေးအား ဖွင့်ဖောက်ကာကြည့်လိုက်တော့ မိသားစုဝင်လေးဦး၏ ပုံတူပန်းချီကားလေးအား မှန်ဘောင်လေးဖြင့်ထည့်သွင်းထားသည် ။ အစ်ကို့နည်းတူ ပန်းချီဝါသနာပါသော ကလေးမလေးသည်လည်း အမြဲ စာလုပ်ပြီးပြီဆိုတာနှင့် တကုပ်ကုပ်ဖြင့်သာ ပုံဆွဲလေ့ရှိသည် ကိုသတိတော့ထားမိသည်မှာကြာပြီဖြစ်သည် ။ သိုပေမဲ့ အခုမှသာ အသေးစိတ်သေချာကြည့်မိတော့သည် ။ ရုတ်တရက်ဆိုလျင် ဓာတ်ပုံ မှန်ဘောင်တစ်ခုဟုသာ ထင်မှတ်မှားချင်စရာပင် ။

ဦးခန့်ညား , ထိုင်ခုံတွင်အသာထိုင်ရင်း ပါဆယ်ဘူးလေးအား ဖွင့်ဖောက်ကာကြည့်လိုက်တော့ မိသားစုဝင်လေးဦး၏ ပုံတူပန်းချီကားလေးအား မှန်ဘောင်လေးဖြင့်ထည့်သွင်းထားသည် ။ အစ်ကို့နည်းတူ ပန်းချီဝါသနာပါသော ကလေးမလေးသည်လည်း အမြဲ စာလုပ်ပြီးပြီဆိုတာနှင့် တကုပ်ကုပ်ဖြင့်သာ ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"သဘောကျလား ဖိုးဖိုး "

"ဖိုးဖိုး မြေးမလေးကတော်လိုက်တာကွာ "

ဝိုင် ( Y ) [Completed]Where stories live. Discover now