Episode ~ 3

747 105 23
                                    

ယွန်းဂီမှာ JK brandအတွက် ကြော်ငြာရိုက်ကူးဖို့ ရိုက်ကွင်း၌ ရှိနေပြီး brand
အတွက် တာဝန်ရှိသူတွေပြောသမျှကို သေချာ နားစိုက်ထောင်နေလေသည် ။ ဆော့ဂျင်ကတော့ သူ့ဘေးနားတွင် ရှိနေသည် ။

ထိုစဥ် သူ့ကိုတစ်လျောက်လုံး လိုအပ်တာတွေပြောပြနေသည့် မိန်းကလေး၏ စကားသံမှာ ရုတ်ချဥ်း ရပ်တန့်သွားပြီး နှုတ်ဆက်ကာ ထွက်သွားတာကြောင့် ယွန်းဂီမှာ ခဏတာကြောင်တောင်တောင် ဖြစ်ကျန်ခဲ့ရသည် ။

ဆော့ဂျင်ကို လှမ်းကြည့်တော့လည်း နားမလည်သလို သူ့ကို ပြန်ကြည့်လာသည် ။

ယွန်းဂီရဲ့မျက်လုံးအစုံက သူ့ဆီကို တန်းတန်းမတ်မတ်လျှောက်လှမ်းလာသည့် ယောက်ျားတစ်ယောက်ဆီကို ရောက်ရှိသွားသည် ။ ထိုယောက်ျားရဲ့ပုံပန်းသွင်ပြင်ကမူ မိန်းကလေးများသဘောကျလောက်သည့် ခန္ဓာကိုယ်အချိုးအစားရှိပြီး ချောမောသည့်မျက်နှာသွင်ပြင်ဟာ လှန်တင်ထားသည့် ဆံပင်ကြောင့် ပိုမိုထင်းလင်း တောက်ပနေသည် ။

လမ်းလျှောက်ပုံမှာ model တစ်ယောက်နီးပါး ခန့်ညားလှပြီး သူ့ရဲ့ရှည်လျားသည့်​ခြေတံတွေဟာ သဘောကျစရာကောင်းလှသည် ။

သူ့ရှေ့မနီးမဝေးမှာ ရပ်တန့်လာကာ သူ့ကိုပြုံးပြလာသည့် ထိုယောကျ်ားမှာ မျက်ဝန်းလှလှလေးတစ်စုံ ပိုင်ဆိုင်လေသည် ။ ပြီးနောက် ထိုယောက်ျားဟာ သူ့ထက်လည်း အရပ်ပိုရှည်သည် ။

" တွေ့ရတာ ဝမ်းသာပါတယ် ။ ကျွန်တော်က ဒီ JK brandရဲ့ပိုင်ရှင် ဂျွန်ဂျောင်းဂုလို့ ခေါ်ပါတယ် "

ယွန်းဂီမှာ သူ့ကိုနှုတ်ဆက်လာသည့် ဂျောင်းဂုကို အပြုံးလေး​​ဖြင့် လျင်လျင်မြန်မြန် နှုတ်ဆက်လိုက်သည် ။ တဆက်တည်းမှာ ဟိုမိန်းကလေးထွက်သွားရခြင်းမှာ ထိုဂျွန်ဂျောင်းဂုဆိုသည့် လူကြောင့်မှန်း ယွန်းဂီ ရိပ်မိလိုက်သည် ။

" ဟုတ်ကဲ့ ။ တွေ့ရတာ ဝမ်းသာပါတယ် "

ယွန်းဂီရဲ့နှာသီးဝလေးတွင် ရင်းနှီးမှုရှိသယောင်ယောင်ထင်ရသည့် ရေမွှေးနံ့လေးကို ဂျောင်းဂုဆီကနေ ခပ်သင်းသင်းလေး ရနေရသည် ။ နွေရာသီမှာဖူးပွင့်သည့်ပန်းရနံ့မျိုးလေး ဖြစ်ပြီး နွေးထွေးမှုကို ဆောင်ကြဥ်းပေး နေသလိုပင် ။

Please Love MeWhere stories live. Discover now