Episode ~ 34

519 81 25
                                    

ယွန်းဂီက ပက်လက်ကုလားထိုင်တစ်ခုတွင် ဝင်ထိုင်လိုက်သည် ။ ဂျောင်းဂုကလည်း ဝင်ထိုင်လာသည် ။ နှစ်ဦးသားမှာ တပြိုင်နက်တည်းလိုပင် ကောင်းကင်ကို မော့ကြည့်မိလိုက်ကြသည် ။ မည်းညို့နေသည့်ကောင်း
ကင်ကြီး၌ ကြယ်မှုန် ၊ ကြယ်မွှားလေးတွေမှာ တစစီပြန့်ကြဲလျက် တလက်လက် တောက်ပနေသည် ။ ဆောင်းဦးကာလဖြစ်တာကြောင့် လေပြေအေးလေးမှာ ညှင်းသွဲ့သွဲ့ တိုက်ခတ်လျက်ရှိနေသည် ။

ဂျောင်းဂုက သူ့ဘေးနားရှိ ယွန်းဂီရဲ့ဘေးတစ်စောင်းမျက်နှာလေးကို လှည့်ကြည့်လိုက်ပြီး
ညင်သာလှသည့်အသံဖြင့် စကားဆိုလာသည် ။

" ယွန်းဂီ Hyung "

ခေါ်သံကြောင့် ယွန်းဂီက ကြယ်ကြည့်နေရာကနေ ဂျောင်းဂုကို ကြည့်ရှုလာပြီး အမေးရှိလာသည် ။

" ဘာပြောမလို့လဲ "

တကယ်တမ်းကျတော့ ဂျောင်းဂုမှာ ယွန်းဂီရဲ့ကိုယ်ရေးကိုယ်တာကိစ္စအား မေးကြည့်သင့်သလားကိုမူ သူ သေချာမသိပါချေ ။ သူက ဝင်ရောက်စွက်ဖက်သလိုမျိုး ဖြစ်သွားနိုင်ပေမယ့် သိချင်စိတ်ကိုလည်း ထိန်းချုပ်လို့မရနိုင် ဖြစ်နေရသည် ။ ယွန်းဂီက ယခုလိုမျိုး နောက်တစ်ခါထပ်ဖြစ်သွားမည်ကိုလည်း သူက စိုး
ရိမ်နေတာကြောင့် မေးမြန်းလိုက်ပြီး ဖေးမကူညီသင့်သည့်ဟု ထင်မိလေသည် ။ ထို့ကြောင့်သူက မတိုးမကျယ်လေသံလေးဖြင့် မဝံ့မရဲ မေးလိုက်သည် ။

" Hyung...အခုတလော စိတ်ညစ်စရာတွေ ရှိနေလားဟင် "

ယွန်းဂီရဲ့မျက်နှာထက်တွင် အံ့သြမှုလေးက ဖြစ်တည်လာလေသည် ။ သို့ပေမယ့် သိပ်မကြာခင်မှာပင် ပြိုကွဲပျက်စီးသွားပြီး နှုတ်ခမ်းတွန့်ရုံလေး ပြုံးလာသည် ။

ယွန်းဂီက ဂျောင်းဂုကို စောင်းငဲ့ကြည့်နေရာကနေ အကြည့်တွေလွှဲလိုက်ပြီး ရှေ့တူရှုကို စိုက်ကြည့်လာသည် ။ ထို့နောက် သူက အေးအေးလူလူ စကားဆိုလာသည် ။

" မင်းက သိချင်လို့လား "

ဂျောင်းဂုက ယွန်းဂီရဲ့ဘေးတစ်စောင်းမျက်နှာလေးကို စိုက်ကြည့်ရင်း ဖြေလိုက်သည် ။

" အင်း ။ Hyungပြောပြချင်ရင် ကျွန်တော် နားထောင်ပေးမယ်လေ ။ အကယ်၍ မပြောပြချင်ဘူးဆိုလည်း အဆင်ပြေပါတယ် ။ Hyung ပြောပြမယ့်အချိန်ထိ စောင့်နေပါ့မယ် "

Please Love MeTempat cerita menjadi hidup. Temukan sekarang