Episode ~ 27

469 71 22
                                    

နံနက်ခင်း၌ ယွန်းဂီမှာ ကော်ဖီသောက်ရင်း မနေ့ညက အကြောင်းကို စဥ်းစားသွားမိပြီး သူ့ကိုယ်သူ ရူးနေပြီဟု ထင်မှတ်မိတော့သည် ။ သူက တကယ်ကြီး ဂျောင်းဂုအား စိတ်လိုလက်ရ နမ်းလိုက်သည့်အပေါ်၌ အင်မတန်ကို ရှက်ရွံ့နေမိပြီး ဘာကြောင့်များလုပ်ခဲ့လေခြင်းဟု နောင်တရနေမိတော့သည် ။

ထိုစဥ် ဘဲလ်တီးသံကြောင့် အတွေးတွေက ရပ်တန့်သွားသည် ။ ယွန်းဂီမှာ အဆက်မ
ပြတ် မြည်လာသည့် ဘဲလ်သံကြောင့် တစ်စုံတစ်ခုကတော့ မှားယွင်းနေကြောင်းကို ရိပ်မိလိုက်သည် ။ ထို့နောက် သူ့မိခင်ဆီမှ ဖုန်းလာတာကြောင့် ဘဲလ်သံကို လျစ်လျူရှုလိုက်ပြီး စိတ်ရှုပ်စွာဖြင့်ပင် ဖုန်းကိုင်လိုက်သည် ။

တဖက်မှ မစ္စမင်က အမောတကောဖြင့် ဆိုလာသည် ။

" တံခါးကို မြန်မြန်ဖွင့် ။ အခုချက်ချင်း ဖွင့် ။ ဖွင့်..."

သူ့မှာ စိုးရိမ်သွားမိပြီး တံခါးကို အမြန် ဖွင့်လိုက်သည် ။ မစ္စမင်က အထဲသို့ အလျင်အ
မြန် ဝင်လာပြီး တံခါးကို ပိတ်လာသည် ။ သူမ၏ မျက်နှာက အလွန်အမင်းကို ထိတ်လန့်နေပုံရလေသည် ။

" ဟူး တော်ပါသေးရဲ့ ။ "

ယွန်းဂီက နားမလည်စွာ မေးလိုက်သည် ။

" အမေ ဘာဖြစ်လာတာလဲ "

မိခင်ဖြစ်သူက သူ့အိမ်သို့လာရောက်ရခြင်းမှာ သဘောရိုးမဖြစ်နိုင်ကြောင်းကို လွန်ခဲ့တဲ့ငါးနှစ်ကတည်းက သိရှိခဲ့ပြီး ဖြစ်သည် ။ ထို့ကြောင့် သူ့ရင်ထဲ၌ စိုးရိမ်မှုတွေက အရှိန်အ
ဟုန်ဖြင့် မြင့်တက်လျက် ရှိနေသည် ။

မစ္စမင်က သူ့ကို သနားစရာကောင်းလှသည့်မျက်လုံးတွေဖြင့် ကြည့်လာပြီး အသံတိုးလေးဖြင့် ပြောလာသည် ။

" သားရေ...အမေ့ကို ( ဒေါ်လာ ) သန်း ၅၀
လောက် ပေးပါလား "

" အမေ !"

ယွန်းဂီမှာ စိတ်တိုသွားတာကြောင့် သူ့အသံက ကျယ်လောင်သွားလေသည် ။ သူက စိတ်ပျက်လွန်းသည့်အသံဖြင့် ဆိုလာသည် ။

" အမေ ကျွန်တော့်ကို ပေးထားတဲ့ကတိကို မှတ်မိသေးရဲ့လား ။ လောင်းကစားကို ထပ်မလုပ်တော့ပါဘူး ဆိုပြီးတော့လေ ။ အခုထက်ထိ အရင်က အကြွေးတောင် မကြေသေးဘူး ။ ကျွန်တော့်ဖက်ကိုလည်း လှည့်ကြည့်ပါဦး ။ "

Please Love MeWhere stories live. Discover now