Episode ~ 43

655 73 27
                                    

ယွန်းဂီမှာ မိခင်ဖြစ်သူနှင့်ပြေလည်ပြီးသည့်
နောက်ပိုင်းတွင် သူ့ရဲ့ရှုပ်ထွေးနေသည့်စိတ်မှာ ရှင်းလင်းလို့သွားရတာကြောင့် စိတ်လက်
ပေါ့ပါးလို့နေပေတော့သည် ။ ထိုကဲ့သို့ပေါ့ပါး
နေသည့်တိုင် ယခုလတ်တလောတွင်တော့
နောက်လာမည့်Comebackကြောင့် သူ့ခမျာမှာ အလုပ်များနေရလေသည် ။

သူက အချိန်တိုင်းလိုလို Studioထဲ၌ သီချင်းရေးနေခဲ့သည် ။ တစ်ခါတရံတွင် သီချင်းစာသားမှာ ဘယ်လောက်ပင်စဥ်းစား ၊ စဥ်းစား
မထွက်ပေါ်လာတာကြောင့် စိတ်ဖိစီးရပြီး
အချိန်တွေအများကြီးလည်း ကုန်ဆုံးခဲ့ရသည် ။ ထို့ကြောင့်ပင် နေ့တိုင်းနီးပါး ညအတော်နောက်ကျမှသာ အိမ်သို့ ပြန်လာလေ့ရှိခဲ့သည် ။

ယနေ့ညမှာလည်း အရင်နေ့တွေအတိုင်းပင်
အိမ်ပြန်ချိန်နောက်ကျခဲ့သည် ။ ယွန်းဂီမှာ
ဂျောင်းဂုအိမ်သို့ ပြန်လာခဲ့တာကြောင့် အိမ်
ပြန်ရောက်သည်နှင့် ဆိုဖာပေါ်၌ ကွေးကွေး
လေး အိပ်ပျော်နေသည့်ဂျောင်းဂုကို အံ့သြစ
ရာမရှိဖွယ် တွေ့ရှိလိုက်ရသည် ။

သူက ဆိုဖာရှိရာသို့သွားရောက်လိုက်ပြီး
ဂျောင်းဂုအား အနည်းငယ်မျှကျယ်လောင်
သောအသံဖြင့် နှိုးလိုက်သည် ။

" ဂျောင်းဂု...ဂျောင်းဂု "

သူ နှိုးလိုက်ပြီး မကြာခင်မှာပင် ဂျောင်းဂုမှာ
အိပ်ချင်မူးတူးဖြင့် နိုးလာလေသည် ။

ဂျောင်းဂုက ဝေဝါးနေသည့်မျက်လုံးကို
တစ်ခဏမျှပုတ်ခတ် ၊ ပုတ်ခတ်လုပ်လာသည် ။ ပြီးနောက်မှ သူက အိပ်ချင်နေသည့်အသံဖြင့် စကားဆိုလာသည် ။

" Hyung...ပြန်ရောက်ပြီလား "

" အင်း ။ ဘာလို့ဆိုဖာမှာ အိပ်နေတာလဲ ။ အခန်းထဲမှာ သွားအိပ်တာ မဟုတ်ဘူး "

ဂျောင်းဂုက ထထိုင်လာကာ ဆိုလာသည် ။

" Hyungကို စောင့်ရင်း အိပ်ပျော်သွားတာ "

" နောက်ကျမှာမလို့ မစောင့်နဲ့လို့ ပြောခဲ့တယ်လေ ။ "

" ကျွန်တော် သိပါတယ် ။ ဒါပေမယ့် မအိပ်ချင်သေးတာနဲ့ ရုပ်ရှင်ကြည့်ရင်း Hyungကို စောင့်နေလိုက်တာ ။ ဒါနဲ့ပဲ ဒီလို အိပ်ပျော်သွားတာ "

Please Love MeWhere stories live. Discover now