Episode ~ 8

584 89 11
                                    

Practice Roomထဲ၌ ယွန်းဂီမှာ Dancers
တွေနှင့် အကတိုက်နေပြီး ဆော့ဂျင်မှာ လက်ထဲ၌ ဘူးတစ်ဘူးကိုင်ကာ အခန်းထဲသို့ ဝင်
လာလေသည် ။

သူ့၏ချောမောသည့်မျက်နှာမှာ အလိုမကျမှုတွေဖြင့် ပြည့်နှက်လို့နေသည် ။

ယွန်းဂီမှာ ဆော့ဂျင်လက်ထဲကဘူးကို မှန်ကနေတဆင့် တွေ့လိုက်ရသည် ။ အကတိုက်ပြီးနောက် ယွန်းဂီက ရေဘူးတစ်ဘူးကိုယူလိုက်ပြီး ကြမ်းပြင်ထက်၌ ပစ်လှဲထိုင်ချလိုက်သည် ။

ထို့နောက် သူ ရေသောက်နေစဥ်မှာပင် ဆော့ဂျင်က ခုနကဘူးလေးကို သူ့ဆီ ပေးလာသည် ။

" ဘာကြီးလဲ Hyung "

သူမေးလိုက်သည့်မေးခွန်းကို ဆော့ဂျင်က မဖြေချင် ၊ ဖြေချင် ဖြေလာသည် ။

" ဂျွန်ဂျောင်းဂု ပို့လိုက်တာ "

ဂျောင်းဂုဆိုသည့်နာမည်ကြောင့် ယွန်းဂီက ဘူးလေးကို လှမ်းယူလိုက်ပြီး ဖွင့်ကြည့်လိုက်သည် ။

အထဲ၌ တွေ့ရသည့်က အင်္ကျီတစ်စုံနှင့် ဘောင်းဘီတစ်စုံ ဖြစ်သည် ။ အသားတံဆိပ်မှာ JKဟူ၍ ဖြစ်ပြီး ဂျောင်းဂုက သူ့Brandကို ပေးပို့လာခြင်းဖြစ်သည် ။

" သူပို့လိုက်မှန်း Hyungဘယ်လိုသိတာလဲ "

" Deliveryက ပြောတာ "

" အာ...ဒါဆို စောနက Receptionက ဖုန်းဆက်တာ Deliveryသမားရောက်လာလို့ပေါ့ "

" ဟုတ်တယ် "

ယွန်းဂီမှာ ဘာကြောင့် ဂျောင်းဂုက အဝတ်အစားတစ်စုံ ပေးပို့မှန်း မတွေးတတ်အောင် ဖြစ်နေသည် ။ သူ့မွေးနေ့ကလည်း ပြီးသွားပြီ ဖြစ်သည် ။ ထို့ကြောင့် သူက ဖုန်းဆက်လှမ်းမေးဖို့ ဆုံးဖြတ်လိုက်ချိန်မှာပင်
ဂျောင်းဂုဆီက စာဝင်လာသည် ။

| Hyung...M_B သွားရင် ဝတ်ဖို့ အင်္ကျီ
ပို့ပေးလိုက်တယ်နော် ။ Hyungလိပ်စာကို မသိလို့ ကုမ္ပဏီကိုပဲ ပို့ပေးလိုက်တယ် |

အခုမှပဲ အကြောင်းအရင်းကို ယွန်းဂီမှာ သိသွားရတော့သည် ။

| အားနာစရာကြီး ။ ကျေးဇူးပဲနော် |

ဒီနေ့ M_B သွားတော့ ယွန်းဂီမှာ ဂျောင်းဂု ပို့လိုက်သည့် အင်္ကျီတစ်စုံကို ဝတ်ဆင်ထားသည် ။ ရိုးရှင်းသည့် အဖြူရောင်ရှပ်အင်္ကျီလက်ရှည်လေးနှင့် အမဲရောင်ဂျင်းဘောင်းဘီလေးဆိုပေမယ့် အသားတံဆိပ်ကြောင့် အပေါစားလို့တော့ မှတ်ယူလို့မရပေ ။ ယွန်းဂီရဲ့အင်္ကျီကို ဆော့ဂျင်မြင်တော့ စိတ်လေသည့်ပုံစံဖြင့် မျက်ဆံကို လှန်ကြည့်လာသည် ။

Please Love MeDonde viven las historias. Descúbrelo ahora