Chapter..2

2.4K 163 0
                                    

တစ်ချိန်က ကို့လက်ကိုဆုတ်ကိုင်ခဲ့တဲ့လက်တုတ်တုတ်လေးတွေကိုတသက်လုံးဆုပ်ကိုင်ထားမယ်မင်းယုံပါ.....

"ရိပေါ်တနေရာရာကိုများသွားမလို့လား...."

"ဆရာ..."

ရိပေါ်ပစ္စည်းတေသိမ်းနေရာကဆရာကြီးကိုအရိုအသေပေးပြီးနေရာထိုင်ခင်းပြင်ဆင်ပေးလိုက်တယ်...

"ကျင့်စင်အတွက်ကျနော်ခရီးထွက်မလို့ပါဆရာ..."

"မသေမျိုးကျင့်စင်ဆိုရင်တော့သိုင်းပညာအဆင့်မြင့်တဲ့လူအကူတစ်ယောက်လိုလိမ့်မယ်...အတွင်းအားကိုကူပြီးထိန်းချုပ်ပေးမဲ့သူရှိမှအဆင်ပြေမှာ..."

"တယောက်တည်းကျင့်ပြီးအောင်မြင်ခဲ့တဲ့သူများရှိလားဆရာ..."

ဆရာကရေနွေးခွက်ကိုမှုတ်လိုက်ရင်းအဝေးကိုကြည့်ကာခပ်ဖွဖွရီလာတယ်...

" ရှောင်းသခင်လေးပေါ့..  သူ့ကိုဆရာဂါဝရပြုရတဲ့အကြောင်းအရင်းကအဲ့တာပဲသိုင်းပညာမှာတော်တော်လေးကိုအဆင့်မြင့်တဲ့သူမသေမျိုးကျင့်စင်ကိုတယောက်တည်းကျင့်ကြံနိုင်ခဲ့တဲ့သူ...."

"သူ့အသက်ကကြီးပြီပေါ့နော်..."

"အမှန်ပဲပေါ့...မင်းလိုမယ်ဆိုရှောင်းသခင်လေးကိုအကူအညီတောင်းကြည့်ပါလား..."

"ကျနော်လဲတယောက်တည်းကျင့်ချင်ပါတယ်ဆရာ..."

ငယ်ငယ်ထဲက ထိန်းကျောင်းလာခဲ့ရတဲ့ကလေးမို့ရိပေါ်ရဲ့ခေါင်းမာမှုကိုသိနေသူပီပီဆရာကြီးကအတင်းတိုက်တွန်းတာမျိုးမရှိခဲ့ဘူး.....

"မင်းရဲ့ကျေးဇူးရှင်ကိုဘယ်မှတ်မိပါ့မလဲနော်အဲ့တုံးကငယ်သေးတာပဲ..."

"လုပ်ကြံခံရတုန်းက အကယ်ခံလိုက်ရတာသိပေမဲ့ဘယ်လိုပုံစံနဲ့လူလဲဆိုတာမသိတော့ဘူး..."

"ခုနာမည်ကြီးနေတဲ့သံမဏိမျက်နှာဖုံးအရှင်ဆိုတာဖြစ်မယ်...မြင်တဲ့သူတွေပြောတဲ့ပုံနဲ့အဲ့တုန်းကမင်းကိုချီပြီးငါ့လက်ထဲအပ်ခဲ့တဲ့သူနဲ့ကတပုံစံတည်းပဲ...သူကမင်းဆီကိုပြန်လာမယ်လို့ငါ့ကိုပြောသွားတယ်...."

"ကျနော့်ကျေးဇူးရှင်နဲ့တခေါက်လောက်တော့ဆုံချင်ပါသေးတယ်...ဆရာကျနော်နေမဝင်ခင်ခရီးထွက်ရမှာမို့ခွင့်ပြုပါဦး..."

မှော်ဆန်သော(completed)Where stories live. Discover now