Final

2.4K 111 1
                                    

မင်းရယ် ကိုယ်ရယ် ချိုမြိန်တဲ့နောက်နှစ်ပေါင်းများစွာရယ်...

"ကျန့်ကောဖယ်လို့..ကျနော်စာသွားသင်ရဦးမယ်.."

"သူတို့ဆရာလုပ်မှာလားကို့ယောကျာ်းလုပ်မှာလား.."

"ပေါက်ကရတွေလျှောက်ပြောမနေနဲ့...ဘယ်လောက်မှကြာတာလဲမဟုတ်ဘူး.."

"မြန်မြန်ပြန်လာနော်ကလေးလေး.."

ရိပေါ်ကစာသင်တဲ့တာဝန်ကိုလွှဲယူလိုက်ရပြီးသင်တန်းသားတွေကိုမနက်တိုင်းသင်ပြပေးတယ်...တခါတလေကျရှောင်ကျန့်က ကျင့်စဥ်ပိုင်းတွေကူပြီးသင်ပြပေးလို့သူတို့နှစ်ယောက်ဟာလိုက်ဖက်တဲ့သခင်လေးနှစ်ပါးအဖြစ်အရမ်းကိုကျော်ကြားတယ်.....

" ရှောင်ကျန့်.."

"ဟာအကိုလာလည်တာလား..မရီးရောမပါဘူးလား.."

ကလေးအမွှာလေးတွေမွေးတဲ့ရှောင်ရမ်တို့မိသားစုလေးကအမြဲသာယာနေတယ်...ရိပေါ်ဆိုထိုကလေး၂ယောက်လာရင်သူ့နားပင်သိပ်မကပ်တော့....

"အေးမင်းမရီးကသူ့သူငယ်ချင်းတွေနဲ့တွေ့ချင်သေးတယ်ဆိုလို့လေငါနဲ့ဒီပိစိလေးတွေနဲ့ပဲရောက်လာတာ..ရိပေါ်စာသင်နေတာလား.."

"အင်းဟုတ်တယ်.."

"သားလေးတွေကြီးလာရင်တော့မင်းတို့လက်ထဲအပ်ရမယ်..."

"သူ တိူ့နှစ်ယောက်သာဒီကိုရောက်ရင်ကျနော်တော့ရိပေါ်နားကပ်ရပါ့မလားအကိုရာ..ဟား.ဟား.."

အချိန်တခုကြာတော့ရိပေါ်ကအဆောင်ကိုပြန်ရောက်လာတယ်ထုံးစံအတိုင်းသူ့ဦးလေးကိုတွေ့တော့အမွှာနှစ်ကောင်ကပြေးဖက်တော့တာပဲ..ပုံမှန်ဆိုစာသင်ပြီးပြန်လာတဲ့ကောင်လေးကိုရင်ခွင်ထဲမြုပ်နေအောင်ဖက်ထားပြီးအနမ်းတွေပေးနေရမယ့်ဟာ....

"ကျန့်ကောကလေးတွေကိုဘာကျွေးပြီးပြီလဲ.."

"ဘာမှမကျွေးဘူးအငတ်ထားမာ.."

"ဦးလေးရှောင်းကအကျင့်ပုတ်တယ်...ပေါ်ပေါ်သားတိူ့ဗိုက်ဆာပြီ.."

ရိပေါ်ကဂိုဏ်းကိုဦးဆောင်နေရတဲ့သူမို့အရင်ထက်ပိုပင်ပန်းလာတယ်...
အမှုတွေဖြေရှင်းရတဲ့အခါမျိုးဆိုပင်ပန်းပြီးပြန်ရောက်တာနဲ့တန်းအိပ်တော့သည်...တကယ်အတူတူနေတော့မှရိပေါ်လေးကတကယ့်အိပ်ပုတ်လေး...

"တာ့တာ့..သားတို့နောက်မှလာလည်မယ်နော်.."

"ဟုတ်ပါပြီဗျာ.."

"ကလေးလေး...ကို့ကိုအချိန်ပေးပါဦးကွာ.."

"ဥယျာဉ်ထဲ သွားရအောင်ကော.."

...........

"ပင်ပန်းနေလားဟင်.."

"အင်းကျနော်ပင်ပန်းတယ်...ကိုကို့ကိုမှီပြီးခဏအိပ်ချင်တယ်ဖက်ထားပေးပါလား..."

ချွဲစိန်လေးကအရင်ကထက်ပိုချွဲလာတယ်...တခါတလေသူချွဲနေရင်းသင်တန်းသားတေများလာတာတွေ့ရင်လူကိုသူနဲ့ဝေးဝေးကိုတွန်းလွှတ်ပြီးရုပ်တည်ကြီးနဲ့ပြန်နေတော့တာပဲ....

"ကလေးလေး.."

"ဗျာ.."

"ရိပေါ်.."

"ဗျ.."

" ရှောင်ကျန့်ယောကျာ်းလေး.."

"ဟိဟိ..."

"ချစ်တယ်.."

"ကျနော်လဲချစ်တယ်..."

မျက်နှာချင်းဆိုင်ပေါင်ပေါ်ထိုင်ပြီးရင်ခွင်ထဲပွတ်သတ်နေတဲ့ကောင်လေးရဲ့ခေါင်းကိုဖြေးဖြေးချင်းပုတ်ပေးရင်းရှောင်ကျန့်သိပ်လိုက်သည်....ခဏကြာတော့အသက်ရှူသံတိုးတိုးလေးနဲ့အိပ်ပျော်သွားပြီဖစ်တဲ့သူ့ကလေးလေးကိုပွေ့ပီးအဆောင်ကိုပြန်လာတော့တယ်...

ငါ်ငါ်ထဲကမျှော်လင့်ခဲ့ရတဲ့ချစ်သူလေးကိုရည်မှန်းချက်အတိုင်းအရွယ်ရောက်လာတဲ့အခါကို့အနားကိုခေါ်ထားနိုင်ခဲ့တယ်...မင်းကထာဝရအတွက်ကိုကာကွယ်စောင့်ရှောက်ပေးရမဲ့ရတနာလေးတစ်ပါးပဲ...

မှော်ဆန်သော(completed)Where stories live. Discover now