Chapter..6

1.4K 106 0
                                    

ကျနော်ကရင့်ကျက်တဲ့လူတစ်ယောက်ပါကော...ကောဖြစ်စေချင်တဲ့ရဲရင့်တဲ့လူတစ်ယောက်ပါ.....

"ယွမ်လုနှိပ်ပေးရမလားသခင်ကြီး...ရှောင်ကျန့်ကောရဲ့အဖေဆိုတော့ယွမ်လုအဖေလိုပါပဲ..."

"ဟား.ဟားတကယ်ကိုလိမ္မာတဲ့ကလေးပဲ..ရပါတယ်ကွယ်သားဘေးမှာပဲထိုင်နေပါ..ဒီလိုလိုက်ဖက်တဲ့စုံတွဲကိုတွေ့ရတာနဲ့တင်ဒီအဖေကဝမ်းမြောက်နေပါပြီ..."

ယွမ်လုကရှောင်ကျန့်လက်မောင်းတစ်ဖက်ကိုအသာကိုင်ရင်းကျေနပ်သွားဟန်နှင့်ရီသည်....
ရှောင်ကျန့်အနေနဲ့ကတော့ဒီနေရာကအမြန်ထွက်သွားချင်စိတ်သာရှိတယ်...သူရိပေါ်နဲ့ချစ်နေကြောင်းပြောပြီးနောက်နေ့မှပဲအဖေကယွမ်လုကိုအတင်းသူနဲ့မိတ်ဆက်ပေးတော့သည်....နဂိုထဲကစကားနားထောင်ပြီးအဖေပေါ်သိတတ်သူမို့တစိမ်းရှေ့ငြင်းချက်မထုတ်ချင်တာကိုအဖေကအခွင့်ကောင်းယူနေပုံရ၏..

" ဝမ်သခင်လေးကြွလာပါပြီ..."

"ကြွပါ..ကြွပါသခင်လေး..ဒီမှာလူတွေဆုံနေပြီ..အဖေကဝမ်သခင်လေးကိုဧည့်ခံချင်လို့ဖိတ်လိုက်တာလေ..."

ရှောင်ကျန့်သူ့အဖေရဲ့သဘောထားကိုရိပ်မိလိုက်သည်...
တော်ရုံဖိတ်တိုင်းတကူးတကမသွားတတ်တဲ့ရိပေါ်ကရှောင်ကျန့်ရဲ့အဖေဖြစ်နေတာကြောင့်လက်ဆောင်ကျောက်စိမ်းပြားတခုနဲ့ရောက်အောင်လာခဲ့ခြင်းဖြစ်သည်....

"ဒါကသခင်ကြီးအတွက်လက်ဆောင်ကျောက်စိမ်းပြားပါ..ဂိုဏ်းတံဆိပ်ကိုသေချာထွင်းခိုင်းထားတာမို့လက်ရာမြောက်ပါတယ်..."

ရှောင်ကျန့်အဖေဖြစ်သူကတံဆိပ်ပြားကိုသေတ္တာထဲကထုတ်ကြည့်ရင်းခေါင်းတငြိမ့်ငြိမ့်နဲ့သဘောတကျဖစ်နေသည်...

"အဖေ..တံဆိပ်ပြားလေးလှလိုက်တာယွမ်လုလဲလိုချင်လိုက်တာနော်..."

ဂိုဏ်းတံဆိပ်ကိုလိုချင်တယ်ပြောတာကြောင့်ရှောင်းသခင်ကြီးအနဲငယ်စိတ်ထောက်သွားပေမဲ့သူ့အကြံနဲ့သူမို့ပေးရန်ဆုံးဖြတ်လိုက်သည်....

"လိုချင်ရင်ယူပေါ့သမီးရယ်​ေနာက်လဲဒီဂိုဏ်းရဲ့မိသားစုဖြစ်လာမှာပဲ...ဝမ်သခင်လေးဒါကယွမ်လုတဲ့ရှောင်ကျန့်နဲ့လက်ဆက်မဲ့သူလေခုတခါတည်းလက်ဖွဲ့တယ်သဘောထားလိုက်ပါ..."

မှော်ဆန်သော(completed)Où les histoires vivent. Découvrez maintenant