Chapter..11

1.2K 97 0
                                    

စိတ်ငြိမ်ဆောင်....

စိတ်ငြိမ်ဆောင်ဟာဒီနေ့မှာတော့တိတ်ဆိတ်မနေခဲ့ဘူး...

"ကောကော..ယွမ်လုတို့ဘယ်လိုလုပ်ကြမလဲဟင်..ဝမ်သခင်လေးတော့စိတ်ဆိုးတော့မှာပဲ.."

အတွင်းဝတ်ကပိုကရိုနဲ့သူ့ဘေးမှာလှဲနေခဲ့တဲ့ယွမ်လုကအပြင်ပန်းသာပြောနေပေမဲ့စိတ်ထဲမှာတော့ကျေနပ်နေသယောင်...သူခုထိဘာကိုမှနားမလည်နိုင်သေးဘူး...
မနေ့ကရိပေါ်ပြန်သွားပြီးသူဆက်သောက်နေခဲ့တာဘယ်ချိန်ကနေဘယ်လို...

"ဝမ်သခင်လေးရောက်လာပါတယ်..."

"ကောကော.."

"ကျန့်ကော!!ဒါက.."

ရိပေါ်ကယွမ်လုရဲ့ပုံစံကို​မြင်တာနဲ့မျက်နှာအမြန်လွှဲလိုက်သည်.....

"ဝမ်သခင်လေးအထင်လွှဲတာပါ..ယွမ်လုမရည်ရွယ်ပါဘူး.."

ယွမ်လုကရှောင်ကျန့်ကိုလိုချင်သူပီပီအခွင့်အရေးရတာနဲ့ရှောင်းအိမ်တော်ကိုလာခဲ့ချင်းဖြစ်တယ်....

"ရိပေါ်..ကို့ကိုအပြင်ကစောင့်နေပါ..ထွက်လာခဲ့မယ်..."

"......"

ခြေလှမ်းကြဲများနဲ့လှည့်ထွက်သွားတဲ့ရိပေါ်ကိုကြည့်ပြီးရှောင်ကျန့်ဝမ်းနည်းစိတ်ရောဒေါသပါအဆုံးအစွန်ထွက်လာရသည်....

"ယွမ်လု!!.မင်းရဲ့အကြံအစည်ကဘာလဲ..ငါ့ကိုပြော..မင်းဘာတွေလုပ်ချင်နေတာလဲ.."

"အ့..နာတယ်ကောကော...အဖေကလွှတ်လို့ညကလာတာအဲ့တာကောကအရမ်းမူးနေပြီး​တော့ယွမ်လုကိုယွမ်လုကို..ဟင့်.."

"ဟာကွာ.."

ဘေးနားကအလှကြွေအိုးကိုရှောင်ကျန့်ကိုင်ပေါက်ပစ်လိုက်သည်....
ယွမ်လုကိုယ်တိုင်လဲရှောင်ကျန့်ဒီလောက်ဒေါသဖစ်တာမမြင်ဖူးတာကြောင့်ကြောက်လန့်နေမိတယ်.....

အပြင်မှာစောင့်နေဖို့ပြောပေမဲ့ရိပေါ်ကတော့ပြန်သွားခဲ့ပြီဆိုတာကြောင့်ရှောင်ကျန့်ယွမ်လုကိုဆွဲခေါ်လာပြီးသူ့အဖေအဆောင်ကိုထွက်လာခဲ့တယ်....

"အဖေ...ဒါဘာသဘောလဲသူ့ကိုဘာကိစ္စနနဲ့ညဘက်ကျနော့်အဆောင်ကိုလွှတ်လိုက်တာလဲ..ခုဘာတွေဖစ်ကုန်ပြီလဲအဖေသိရဲ့လား.."

မှော်ဆန်သော(completed)Where stories live. Discover now