တိမ်တွေလေတွေလိုပေါ့မင်းကိုတကယ့်ကိုလွတ်လပ်ပေါ့ပါးတဲ့ကလေးတယောက်ပါ...ကလေးတော့ကလေးပဲဒါေပမဲ့သူများတွေလိုမဟုတ်ဘူးမင်းကကို့ရဲ့ကလေးလေး....
ကျင့်စင်နောက်ဆုံးရက်ဖစ်တာမို့ပြန်လာထဲကစိတ်ဆိုးနေပုံရတဲ့ရိပေါ်ကစကားတခွန်းမှမပြောပဲကျင့်စင်ကိုသာအာရုံစိုက်နေတယ်...ရှောင်ကျန့်ဘေးကနေအတွင်းအားကူထိန်းပေးရင်းသာစောင့်ကြည့်နေလိုက်တယ်...တညလုံးအချိန်ကုန်ဆုံးပြီးမနက်မိုးမလင်းခင်မှာပဲကျင့်စင်ဟာပြီးမြောက်သွားခဲ့တယ်....
"ရိပေါ်ဒါဘယ်လဲ..."
ချက်ချင်းဓားကိုကောက်ကိုင်ကာထွက်သွားဖို့ပြင်နေတဲ့ရိပေါ်ကိုရှောင်ကျန့်လက်လေးလှမ်းဆွဲကာခေါ်လိုက်တယ်...
"ကျနော်လန်အိမ်တော်ကိုပြန်တော့မယ်အရှင်..."
"ကိုတို့ပြောစရာတွေရှိနေသေးတယ်လေ..."
"သွားခွင့်ပြုပါ.."
"ဝမ်ရိပေါ်..."
အရင်လိုဆိုရှောင်ကျန့်အပေါ်သိပ်မစိမ်းပေမဲ့ကိုယ့်ကျေးဇူးရှင်လို့သိလိုက်ရတာကြောင့်ရောသိုင်းလောကမှာနာမည်ကြီးနေတဲ့လူမှန်းသိလိုက်ရတာရောကြောင့်သူအနဲငယ်ရှိန်မိတယ်...
"ပြောပါအရှင်..."
"ကျန့်ကောလို့ပဲခေါ်လေရိပေါ်..."
"ဘာလို့ဖုံးကွယ်ခဲ့တာလဲကျနော့်ဆီပြန်လာမယ်လို့ပြောသွားတယ်ဆိုခုတွေ့နေတာတောင်ဘာလို့လဲ..."
" ရှောင်းသခင်လေးရဲ့လူကအရည်အချင်းပြည့်မှီတဲ့ကောင်လေးဖြစ်ရမယ်လေ...ကိုကအဲ့လိုဖစ်စေချင်လို့မင်းကျင့်စင်တွေအကုန်ပြီးတဲ့အထိနောက်ကနေတိတ်တိတ်လေးစောင့်ကြည့်နေခဲ့တာ..."
ရှောင်ကျန့်စကားကြောင့်ရိပေါ့ပါးဟာရဲခနဲအရောင်ထင်လာတယ်....
"ဘယ်သူကကောရဲ့လူလဲ..."
"ရိပေါ်က ကို့ရဲ့လူပေါ့ငယ်ငယ်ထဲကကို့ဝတ်ရုံလေးကိုဆွဲထားတဲ့ကလေးလေးကိုကို့အပိုင်လို့သတ်မှတ်ထားခဲ့တာ.. ချစ်ဖို့ကောင်းလွန်းလို့အလိုလိုက်အကြိုက်ဆောင်ပေးချင်မိတာ...ဒါပေမဲ့မင်းကိုလဲရဲရင့်ပြီးကိုယ့်ခြေထောက်ပေါ်ကိုရပ်နိုင်တဲ့သူဖြစ်စေချင်လို့လန်အိမ်တော်ကိုပို့ခဲ့ရတာ..."
YOU ARE READING
မှော်ဆန်သော(completed)
Romanceတည်ငြိမ်နေတဲ့စမ်းချောင်းလေးကိုလှုပ်ခပ်နိုင်တာကောတယောက်တည်းပါ... ကလေးလေးကိုချစ်လွန်းလို့တယုတယအနားမှာသိမ်းစည်းထားချင်တယ်ကိုကအတ္တကြီးလွန်းတာလား...