Chapter..4

1.7K 139 0
                                    

စိတ်တွေလေးလံပြီးနေရတာအဆင်မပြေဘူးအရှင်နဲ့တကယ်ဝေးရပြီထင်နေခဲ့တာကျနော်ချစ်မိသွားတဲ့အချိန်ကျမှဝေးကွာရပီထင်နေခဲ့တာ...

"လန်ဂိုဏ်းကကြွလာပါပြီ.."

"ကြွလာပေးတာကျေးဇူးပါလန်ဆရာကြီး.."

"မဟုတ်တာဒီလူနဲ့ဒီလူပဲရှောင်းသခင်ကြီးရယ်ကျနော်တို့လာရမှာပေါ့..."

"ကြွပါ..."

ရိပေါ်ဓားကိုကျစ်ကျစ်ဆုပ်ကိုင်ရင်းမျက်လွှာချထားလိုက်တယ်...တကယ်တော့မျက်လုံးတွေက ကောကိုရှာဖွေချင်ခဲ့တာ...
စားပွဲမှာထိုင်နေတဲ့အချိန်ထိရိပေါ်ပတ်ဝန်းကျင်ကိုမော့မကြည့်ခဲ့မိဘူးသတို့သားသတို့သမီးဝင်လာချိန်မှာလဲမကြည့်ခဲ့ဘူး...သတို့သားရဲ့ခြေဖျားလေးကိုပဲငေးကြည့်ရင်းရစ်ဝိုင်းလာတဲ့မျက်ရည်တွေကိုမသိချင်ယောင်ဆောင်လိုက်ရတယ်....ကျနော်ကောမျက်နာလေးကိုမော့ကြည့်ဖို့ရာသတ္တိမရှိခဲ့ဘူးကော....

"အားကျလားကလေးလေး.."

"ကော..."

ဘေးနားမှာတစုံတယောက်လာကပ်ထိုင်လိုက်တာနဲ့အတူလက်ကိုခပ်နွေးနွေးစုပ်ကိုင်ခံရတယ်...နူးနူးညံညံအသံလေးနဲ့...

"ဘာလို့ဝမ်းနည်းတဲ့ပုံပေါက်နေတာလဲ..ကိုကမင်းတို့ရောက်နေတယ်သတင်းကြားထဲကလာတွေ့ချင်တာအထဲမှာကူညီပေးနေရလို့..."

"သ.သတို့သားကဘယ်သူလဲ..."

"ကို့အကိုလေ...ရှောင်ရမ်..."

"ဟင့်..ကျနော်ဒီကနေထွက်သွားချင်တယ်...မြန်မြန်..."

"ဟင်..."

"လုပ်ပါကော.."

ရိပေါ်ထွက်သွားချင်တယ်ဆိုတာကြောင့်မိုးမြေကန်တော့နေတဲ့အကိုဖြစ်သူတွေကိုပစ်ထားတာရှောင်ကျန့်ခန်းမထဲကအသာထွက်လာလိုက်တော့တယ်...

"ပြောပါဦးဘာဖစ်..အင့်..."

ခန်းမအနောက်ဘက်လူရှင်းတဲ့​ေနရာရောက်တာနဲ့ရိပေါ်ကသူ့ရင်ခွင်ထဲအတင်းတိုးဝင်လာတော့တယ်...

"ကလေးလေးဘာဖစ်တာလဲ..."

"ဟင့်..ကျနော်ငိုချင်လို့..အရင်ထဲကတည်တည်ငြိမ်ငြိမ်နဲ့နေလာတဲ့ကျနော်ကအခုလိုပုံစံမျိုးနဲ့ရှက်ဖို့ကောင်းနေမှာသိတယ်ဒါပေမဲ့ကျနော်ငိုချင်တယ်..."

မှော်ဆန်သော(completed)Where stories live. Discover now