(၁)

112K 3.8K 182
                                    

(Unicode🌻)


မှောင်ရီသန်းနေတဲ့ ကောင်းကင်ကြီးဆီက
ဖွဲနွဲ့ကာ စီးကျလာတဲ့ မိုးရေပေါက်များ
ကမ္ဘာမြေကြီးထံသို့ တစ်ပေါက်ပေါက်
ယိုဖိတ်လျှက်

အဖြူရောင် ဂျူတီကုတ်ကလေးဝတ်ဆင်လျှက် နှင့် ငွေဖြူရောင် မျက်မှန်ကိုင်းလေးကို ပင့်သက်ရင်း ဆေးစာတွေ ကို သေသေချာချာ ရေးပေးနေသည်။

"ဦးလေး ဒီဆေးတွေကို ဆရာမလေး ပန်းနုဆီမှာ သွားယူလိုက်နော် "

"ဟုတ်ကဲ့ပါ ဆရာလေး"

လမ်းအကွေ့တစ်နေရာက မြေကွက်လပ်လေးမှာ ထီး အမိုးကြီး အောက်၌ အခမဲ့ ဆေးခန်းလေး တည်ရှိနေခဲ့သည်လေ

လူနာ အား တရိုတသေ ခေါင်းလေးငုံ့ပြပြီး တစ်ဖက်၌ ဆေးသွားယူရန် အောက်သို့အဆင်း ကိုသူကူပေးလျှက်

ည ၈ နာရီထိုးပြီ ဖြစ်တာကြောင့် သိမ်းစရာရှိတာ တွေ သိမ်းကာ ထီးအားပြန်ပိတ်ပြီး နေရာတကျပြန်ထားလိုက်သည်။မိုးဖွဲလေးတွေက ဆေးခန်းလေး စပြီး ဖွင့်ကတည်းကကျနေတာ သိမ်းဆည်းသည်အထိ မတိတ်သေး

"ဈာန်သစ် "

"အင်း ပန်းနု ပြောလေ "

"ငါ မနက်ဖြန် ဂျူတီက နေ့လည်ပေမဲ့ နေ့လည်သွားစရာလေးရှိလို့ နင်မနက်အချိန်နဲ့လဲပေးမလား"

"ရတယ်လေ ပေးပေး.....

ငါခေါက်လိုက်မယ် နင်ပြန်နှင့်တော့လေ "

ပန်းနု ဆေးသေတ္တာတွေ သိမ်းလို့အပြီး ထီးခေါက်ဖို့လုပ်တော့ ဈာန်သစ်ကပဲ ထီးကို ကူခေါက်ပေးပြီး စောစော ပြန်ရန်ပြောလိုက်သည်။ပန်းနု နှုတ်ဆက်ပြီး ပြန်သွားတော့ သူလည်း အဖြူရောင် ကုတ်လေးကို ချွတ်ပြီး အိတ်ထဲသို့ခေါက်လျှက် ထည့်သိမ်းလိုက်ပါသည်။နောက် ပါလာသည့် စက်ဘီးလေးနင်းကာ ပြန်လာခဲ့သည်။

‌ဆေးခန်းလေးက ဆေးရုံ အနီးတစ်ဝိုက်ဟု ဆိုပေမဲ့ သူ့အိမ်နဲ့တော့အတော်လေးဝေးသည်။ညဘက် မှောင်နေပြီဖြစ်တာကြောင့် လမ်းထဲကဝင်ပြီး ရပ်ကွက်တွေထဲကပဲ ဈာန် တစ်ယောက် ကွေ့ပတ်ကာ အိမ်သို့နင်းလာခဲ့လေသည်။

ငွေဖြူရောင် မှန်ဝိုင်းလေးသည် စင်းနေသည့် နှာတံလေးပေါ်မှာ ဝံ့ဝံ့ကြွားကြွားပင် မျက်ခုံးတန်းတန်းလေးနှင့် မျက်လုံးဝိုင်းဝိုင်းလေးတို့ကို ကြီးလွန်းသည့် မျက်မှန်က ဖုံးဖိနေသည်။ ဂျယ်ဖြင့်သပ်တင်ထားတဲ့ ဆံသားတို့သည် မိုးရေအနည်းငယ်စိုဆွတ် သလို လေအတိုက် ကြောင့် ရွဲကျကာ နဖူးပေါ်သို့ ဆံသားချောင်းလိုက် တန်းကျလျှက်

ဆရာဝန်လေး ချစ်သူက မာဖီးယား ဂိုဏ်ခေါင်းဆောင်တဲ့(Complete )Where stories live. Discover now