(၁၉)

21.3K 1.2K 12
                                    

ဖြစ်ပြီးသည့် ကိစ္စနှင့်ပတ်သတ်ပြီး ကိုအာကာသူရကိုရှောင်နေသည်။သူရ စကားပြောလာရင်ပြန်ပြောပေမဲ့ အရင်လိုရင်းရင်းနီးနီးကြီးတော့မဟုတ်။တစ်အိမ်ထဲနေတာတောင်ရှောင်သလို သူရကို အိမ်ကနှင်ထုတ်သော စကားတို့ကိုကွေ့ပတ်ပြီးလည်းပြောသည်။

အခု မနက်ခင်းပိုင်း အိပ်မောကျနေသည့် သူကို သူရလာနှိုးပေမဲ့ အိပ်နေပုံလေးကြည့်ပြီး သူမနှိုးမရက်

"ဟင်~~~~"

"မနက်စာ ကျွန်တော်ပြင်ပြီးပြီ အကို "

"အင်း.....အင်း ငါ.......ငါလာခဲ့မယ်လေ"

လာခဲ့မယ်ဆိုသည့် အကိုက စောင်ကိုရင်ဝထိဆွဲခြုံရင်း တုန်လှုပ်နေသည့်အမူအရာကြောင့် သူရအခန်းထဲက ထွက်လာပေးလိုက်သည်။

အာကာ သူရထွက်သွားတော့ရေချိုးခန်းထဲဝင်လာပြီး အဝတ်တွေ ချွတ်လိုက်သည်။မှန်ရှေ့မှာ မတ်တပ်ရပ်နေရင်း သူ့ကိုယ် သူပြန်ကြည့်နေမိသည်။ လည်တိုင်တစ်လျှောက် ကိုက်ရာတွေ သူတဖြည်းဖြည်း မှတ်မိလာပါသည် ။ မိန်းကလေးသည် သူ့လည်တိုင်တစ်နေရာကိုသာကိုက်ခဲခဲ့တာ တစ်ခြားအရာတွေကဘာဆိုတာလဲ အာကာသိသည်။နောက်ပြီး""ငါသူနဲ့ လုပ်မဲ့အစား သူရနဲ့ပဲလုပ်ချင်ခဲ့တာ ငါဆုတောင်းနေတာ မင်းလာကယ်ဖို့ ဟင့်" ဆိုပြီး ငိုပြီးပြောခဲ့တာတွေ သူရကို သူဘယ်လိုများမျက်နှာချင်းဆိုင်ရဲတော့မှာလဲ
သူရလည်းထိုစကားကိုမမေ့ အာကာသည်လည်းမမေ့ပါ ဒါပေ မဲ့~~~~~

^^

"ကိုစစ် အဆင်ပြေရဲ့လား ဟင်"

ကိုစစ်အိပ်နေတာ ညနေမှ နိုးလာသည်လေ ညဘက်အိုတီ ရှိတာမို့ ဆေးရုံကိုသွားရဖို့သူပြင်ဆင်ရအုံးမည်။အိပ်ရေးဝ သည့်မျက်နှာလေးမို့ စျာန် သက်ပြင်း ခပ်ဖွဖွလေး ချရင်း စိတ်ထဲ ရတတ်အေးရပါသည်။

"အင်း ကိုယ်အဆင်ပြေပါပြီ ကိုယ့်ကို ဖက်ထားပါအုံး "

"ကိုစစ် ကျွန်တော် ဆေးရုံသွားရတော့မယ် လေ ရေချိုးပြင်ဆင်ရမယ် ထတော့နော် ညစာ အချိန်မှန်အောင်စားအုံး ကြားလား"

"ကိုယ့်ကို ဖက်"

ဖက်ဖို့သာ ပြောနေသည့် ကိုစစ်ကို သူဖက်ပေးလိုက်ပါသည်။မဟုတ်ရင် ဘာပြောပြော နားဝင်မည့် ပုံလည်းမဟုတ် မနက်က နီညိုရောင် နှုတ်ခမ်းတို့က အနည်းငယ်ဖျော့တော့ နေတာတွေ့ပြီး သူစိတ်မချရ အိပ်ရေးတော့ပျက်ပြီး အားနည်းနေတာပင်။ဒါ့အပြင် အစားက ပုံမှန်မစား တာတွေရော စိတ်မချခြင်းများစွာနဲ့ ဒီလူကြီး တစ်ခုခု ဖြစ်သွားရင် ဆိုတာ ကခြောက်ခြားနေတာဖြစ်သည်။

ဆရာဝန်လေး ချစ်သူက မာဖီးယား ဂိုဏ်ခေါင်းဆောင်တဲ့(Complete )Where stories live. Discover now