(၁၀)

27.3K 1.5K 25
                                    

Z&U

စျာန်သစ် စားပြီးတော့ သူရကစကားစလာသည်။ပထမဆုံးတော့ သူ့Boss ရဲ့ ကောင်းကြောင်းတွေပေါ့။နောက် ဘယ်မိန်းကလေးနဲ့ အရောတဝင်မနေရင် ဆေးရုံသွားခွင့်ပေးမယ်ဆိုတဲ့ စကားထွက်လာသည်။စျာန် လည်း အရောတဝင်မနေရဘူးဆိုတဲ့ စကားကိုသဘောမကျ ခပ်တည်တည် ခပ်တန်းတန်းနေရအောင်လည်းမတတ်နိုင် ကိုယ်ကအားနာတတ်ပြီး ဖော်ရွေတာက အကျင့်ကြီးလိုကို ဖြစ်နေပြီ။ပြီးတော့လည်း တစ်ရုံးလုံးကသူစိမ်းတွေလည်းမဟုတ်။ ဆေးရုံသွားရမယ်ဆိုတော့ သူနည်းနည်း စဥ်းစားရပြီ။ဆေးရုံသွားမယ် တစ်ခွန်းပြောလိုက်မယ် ကျန်တာ သူတို့ကိစ္စ ကိုယ်ကလိုက်နာပါ့မယ်မပြောဘူးလေ ဆေးရုံကအပြန်တော့ ပြေးရမှာပဲ ကိုယ်တစ်ခြားနေရာမှာနေရင် သူတို့လိုက်ရှာနိုင်မှာ မဟုတ်ဘူး။ဒါအခွင့်ရေးကောင်းပဲ မဟုတ်လား

"ဟုတ်ပြီလေ "

"ဟုတ်ကဲ့ စျာန်သစ် ပြင်ဆင် ပြီးထွက်ခဲ့လိုက်ပါ ကျွန်တော် ကားထုတ်ထားပါ့မယ်"

စျာန်လည်း သူနေတဲ့ အခန်းကိုပြန်ပြီး ဂျူတီကုတ် ငါးထည်လောက်နှင့် ဝတ်စုံ ငါးစုံလောက် အိတ်ထဲ သေသေချာချာ ထုတ်ပြီး ဟန်မပျက်ထွက်လာခဲ့သည်။အိတ်ကလိုတာထက် ဖောင်းနေသည်ကို တွေ့လိုက်တော့ သူရခိုးရယ်လိုက်မိသည်။ဘောစ့် ကသူ့ကို လက်လွတ်စပယ် လွှတ်လိုက်မယ်များတွေးထားသလားမသိ။ဆေရုံကြီးကို မောင်းထွက်လာပြီး ရောက်တော့ စျာန်သစ်ကသူရကို နှုတ်တောင်မဆက် သူတို့ဆရာတပည့်တွေ ကိုအတော်လေးစိတ်ဆိုးသွားပုံရသည်။မဆိုးဘဲ လည်းနေမလား လေ ။သူ့ကို စောင့်ကြည့်ဖို့ လူဆယ်ယောက်လောက် ဂိတ်ပေါက်မှာ တစ်နေကုန် ရှိနေတယ် ဆိုတာ သိရင် ဘယ်လိုတောင်နေမလဲ မသိ။

စျာန် ဆေးရုံကိုရောက်တော့ လက်မှတ်ထိုး နောက်ကျ တာကြောင့်ဖောင်ပြန်တင်ရသည်။

"စျာန်သစ် တစ်ခါမှ နောက်မကျဖူးဘဲ"

"ဟုတ်တယ် မနု ရေ ကိစ္စလေးရှိလို့"

စျာန် တစ်ဆက်တည်းဆရာဝန်နားနေခန်းထဲဝင်ပြီး ဂျူတီချိန်တွေ ပြန်စစ်ဆေးနေရသည်။သူနောက်ကျတော့ အားလုံးလည်း ကမောက်ကမ ဖြစ်သွားလောက်တယ်။

ဆရာဝန်လေး ချစ်သူက မာဖီးယား ဂိုဏ်ခေါင်းဆောင်တဲ့(Complete )Where stories live. Discover now