(၅)

35.5K 2K 70
                                    

Boss ဖြစ်သူက စျာန်သစ်ကို သူကိုယ်တိုင်ကားမောင်းပြီး အိမ်တောင်လိုက်ပို့လိုက်သေးသည်။အာကာနဲ့ သူရမှာ "အားအား" ဖြေရှင်းခန်းနှင့် အတူ အိမ်ကို Taxi နဲ့ပြန်ကြွရတော့သည်။

"Boss ကစျာန်သစ် လည်းတွေ့ရော ငါတို့ကို အရေးတောင် မလုပ်တော့ဘူး"

"ဟုတ်ပ......ဒါနဲ့ ကိုအာကာ မနေ့က Boss ခိုင်းထားတဲ့ ကျောင်း ကိစ္စက အခြေအနေဘယ်လိုရှိလဲ"

"တစ်ဖက်လက်နဲ့ ငါခိုင်းထားတယ် Boss ကသူမှန်းမသိစေချင်ဘူးလေ ဦးထွဋ်ခေါင်ဟိန်းကိုငွေပေးခိုင်းလိုက်တယ် နောက်တစ်ပတ်လောက်နေရင် စျာန်သစ် ဆီအကြောင်း  ပြန်ပေးမယ်ပြောတယ်"

"သြော် ကို အာကာ ကျွန်တော် စျာန်သစ်ဘေးကအိမ်ကိုပြောင်းနေရမှာ "

အာကာ မျက်လုံးပြူးသွားရပြီ။Boss ကိုကြည့်ရတာ တော်တော် ဖြစ်နေပုံပဲ။အမ လမင်း တော့ ကျန်ရစ်ပြီ ထင် ပြင်သစ်က ပြန်လာရင် ဘယ်လိုလုပ်မလဲ  ဒါပေမဲ့လည်း  ဘောစ့် ဖြေရှင်းနိုင်မှာပဲကို အဲ့အချိန်ကျ သူတို့ပဲလှော်ကြားဆားညပ်ရအုံးမယ်

---------------------------------------------------------

"ကိုစစ် ကျေးဇူးပါ အိမ်ထဲ ဝင်ပါအုံးလား ရေလေးဘာလေးသောက်သွားရအောင်"

"အင်း .......ဟိုတစ်ယောက်...အာ! ကိုယ် မဝင်တော့ဘူး အလုပ်လေးရှိသေးလို့"

"ဟုတ် ကိုစစ် ကျေးဇူးပါနော် ကောင်းကောင်းပြန်ပါ ခင်ဗျ"

စစ်သွေးတစ်ယောက် အိမ်ပြန်လမ်းတစ်လျှောက် နတ်ပြည်တတ်နေသလိုကြည်နူးမှု ကအပြည့်ပင်
အိမ်‌ေရာက်တော့ သူရနဲ့ အာကာ မျက်နှာချင်းဆိုင်ပြီး အကြိတ်အနယ်ဆွေးနေကြတာတွေ့တော့ သူအနားကိုလျှောက်သွားပြီး အသံပေးလိုက်သည်။

"ဘာကိစ္စတုန်း"

"ခေါင်ရီ က ပစ္စည်းမှာနေတယ် အမြန်ပို့ပေးဖို့ ဆက်သွယ်လာတယ် Boss"

"ငြင်းလိုက် !အခုလမ်းကြောင်းက ရှုပ်နေတယ် အမြန်လိုချင်ရင် ကိုယ်တိုင်သွားသယ်လို့ ငါ့လူတွေ အပါမခံနိုင်ဘူး အမြဲအလျင်လိုနေရအောင် ငါ့ကိုသူတို့ ပထွေးထင်နေတာလား "

ဆရာဝန်လေး ချစ်သူက မာဖီးယား ဂိုဏ်ခေါင်းဆောင်တဲ့(Complete )Where stories live. Discover now