(၃)

36.9K 2.4K 34
                                    

(Unicode 🌻)

ဆရာပြ သည့် ဆေးစာရွက် ကိုကြည့်ရင်း ကြည့်ရင်း  သူ့လက်တွေ တုန်ယင်နေခဲ့သည်။သူ့ရဲ့ပေါ့ဆမှု သေးသေးလေးက လူတစ်ယောက်ရဲ့ အသက်ကို နှုတ်ယူသွားခဲ့ပြီတဲ့လေ

ကျောင်းထုတ်ခံလိုက်ရပြီဖြစ်တဲ့ ဆေးကျောင်းသားတစ်ယောက် ဆရာဝန်တစ်ယောက်တောင်မမည်သေး အခမဲ့ ဆေးကုသပေးရေး ပရဟိတ အသေးစားလေးကလည်း တိမ်စိုင်တစ်ခုလို ပြယ်ပျံ့သွားပြီ

တကယ်တမ်း ကြိုးစားခဲ့သမျှ အရာမထင်သလို လူနာကိုသတ်သည့် ဆရာဝန်ဖြစ်ရပြီ။ကိုယ်ကျွမ်းကျင်တဲ့ ဘာသာရပ်မှာ ကိုယ်တိုင်ကြီးလေးသည့်အမှားကိုလုပ်ခဲ့မိတာလား အစာအိမ်ခဏခဏဆေးရသည်လူနာဖြစ်သလို ဆေးတွေအတော်လေးပြင်းသည်။အစာအိမ်ပျက်ဆီးသွားသည်အထိ မတည့်သည့်ဆေးပါသွားရသည်အထိ ဘာတစ်ခုမှသူ နားလည်လို့မရ သူကိုယ်တိုင်လည်း မဖြေသိမ့်နိုင်

လူသားတွေ ရဲ့ အသက်ကို ကယ်ဖို့ သူကြိုးစားအားထုတ်ခဲ့ပေမဲ့ အခုချိန်မှာ သူ့ကြောင့် လူတစ်ယောက် အသက်ဆုံးရှုံးသွားခဲ့ပြီ။

မိသားစု ဝင်တွေ သူ့ကို ဘယ်လောက်တောင် မုန်းတီးနေကြမလဲ မတွေးရဲတော့ဘူး။သူ့ကိုယ်သူတောင်မုန်းမိလာတယ်။ဖြစ်ချင်မိတာ လူတွေရဲ့အသက်ကို ကယ်တင်နိုင်ဖို့ အခုတော့.......

   ~~~~~~~

"အာကာ ဦးရဲခေါင် ရဲ့ private hospital ကိုပြောတာနော် မင်း ဘယ်ကိုမောင်းနေတာလဲ "

"သူ့ရဲ့ အတွင်းရေးမှုးကို ဖုန်းဆက်တုန်းက ဆေးရုံကြီး တာဝန်ကျတယ်ဆိုလို့ပါ ဘော့စ်"

စစ်သွေး ခေါင်းငြိမ့်ပြပြီး ဆေးရုံဝန်းထဲရောက်နေပြီမို့ ဘာမှ ဆက်မပြောချင်တော့
အချိန်အားဖြင့် ညနေ လေးနာရီကျော်နေပြီ လေ နေ့လည်က မိုးရွာထားတာကြောင့် ကွန်ကရစ်လမ်းမက ဗွက်အိုင်တွေ အပြည့် ကား ပါကင်မှာနေရာကျပြီး ဘေးတံခါးကို လာဖွင့်ပေးတော့ စစ်သွေး အင်္ကျီကို ပုံစံတကျ ပြင်ဆင်ကာ ထွက်လိုက်တော့ မြင်လိုက်ရတဲ့ ကျောပြင်လေး အဖြူရောင် ဂျူတီကုတ်ကလေးတောင် ချွတ်မထားသည့် ဆရာဝန်လေး စက်ဘီး အစုတ်လေးကို တွယ်တာကာ ဟန်ပန် မရှိသည့် ထိုဆရာဝန်လေး အား ငေးကြည့်နေမိသည်။နောက်ကျော လေးကိုကြည့်ရုံမျှ ပင် သူထိုကောင်လေးကို မှတ်မိနေပြန်သည်။

ဆရာဝန်လေး ချစ်သူက မာဖီးယား ဂိုဏ်ခေါင်းဆောင်တဲ့(Complete )Where stories live. Discover now