(၁၄)

22.8K 1.3K 105
                                    

ဘောစ့် ဖုန်းဆက်သည်မို့ သူရ ထိုအိမ်သို့သွားရအုံးမည်။သွားဖို့လုပ်တော့ ကိုအာကာ က ရေချိုးခန်းထဲကထွက်လာပြီး ဘာကိစ္စလဲဟုမေးသည်။

" စျာန်စိတ်ဆိုးနေလို့ "

" သူ့ယောက်ျားစိတ်ဆိုးတာကို ခေါ်တာ ?"

" အင်း "

"လိုက်မယ် လိုက်မယ် ဟီး"

သူရသက်ပြင်းသာချလိုက်မိသည်။ဒီလူလိုက်မွှေမှာအသိအသာကြီး ။ပြောင်စပ်စပ် ရယ်ကျဲကျဲ လုပ်နေတဲ့ ရုပ်ကြီးနဲ့ပင် ဒါပေမဲ့ ဒီလူက ချစ်ဖို့ကောင်းနေဆဲ

သူရကကားမောင်း ပြီး သူ့ဘေးနားမှာဝင်ထိုင်သည်။ ပြီးရင် သူကစကားစလာလျှင်

"ဘော့စ် တို့ဘာကိစ္စ ကွိုင်ကြလဲ မင်းသိလားသူရ"

"မသိဘူးလေ ဘောစ့် က အိမ်ကို အမြန်လာခဲ့ပါအုံး တဲ့"

အိမ်ကိုအမြန်လာခဲ့ကြပါအုံး ဒေါက်တာလေးစိတ်ဆိုးနေတာ ငါမနေတတ်တော့လို့ ' တဲ့လေ ဒါတွေတော့ ကိုအာကာ့ကို သူရမပြောရဲပြန်ဘူး မဟုတ်ရင် သူပေါက်ကရတွေ ပိုပြောဖို့အားသန်လာတော့မှာ လေ

" ချစ်သူတွေ ဆိုတော့လည်းနော် ဟီး ....ဒါမျိုးကျ အသည်းအေးစရာကြီး ငါလည်း Club လေးဘာလေးသွားပြီး ဆော်လေးတစ်ပွေလောက် ရှာအုံးမယ်ကွာ တီတီတာတာလေးတွေ ပြောရအောင်"

ထိုစကားကိုသူရ ဘာမှပြန်ပြောမလာခဲ့ သူ့မျက်နှာကတော့တည်တင်းနေတော့သည်။

^^

"အာကာ လာခဲ့စမ်းပါ နေနော်ဇန်ကိစ္စ ကူ ရှင်းပေးပါအုံးကွာ"

"မရီး"

"ကိုအာကာ ကျွန်တော့်ကို ဘယ်လိုလာခေါ်နေတာလဲ ဘာမှ ရှင်းပြနေစရာမလိုဘူး ကျွန်တော် အကုန်သိပြီးပြီ ဘာတဲ့သူကပဲ ချစ်လာအောင်လုပ်အုံးမတဲ့ အကိုတို့သူဌေးမှာ ရည်းစားကြီးငုတ်တုတ်နဲ့ ကျွန်တော့ကို ဝိုင်းလိမ်နေကြတာ ကောင်းလာပြော"

"မဟုတ်ပါဘူး လုပ်ငန်းပြိုင်ဘက်တွေ ပါ စျာန်သစ်ရယ် " ဟု သူရ ချက်ချင်းဝင်ထောက်ရသည်။

"မသိဘူး မသိချင်ဘူး စိတ်လည်းမဝင်စားဘူးဗျာ"

"နေနော်ဇန် ဆိုတဲ့ ဘဲကြီးက ဘော့စ်ကိုကြွေနေတာ အဲ့တာ စျာန်သစ် ဆီက လာစနှိုက်တာ"

ဆရာဝန်လေး ချစ်သူက မာဖီးယား ဂိုဏ်ခေါင်းဆောင်တဲ့(Complete )Where stories live. Discover now