(၁၆)

24.6K 1.4K 31
                                    

ကိုအာကာ နဲ့သူ အိမ်ပြန်ရောက်တော့ ကိုအာကာ စကားတွေ တရစပ်ပြောနေပေမဲ့ သူဘာမှပြန်မပြောခဲ့ Boss ကိုသူယုံပေမဲ့ သူတို့စျာန့်အပေါ်မှာ အရမ်း စည်းကျော်နေသလားဟုတွေးမိပြန်သည်။ အိမ်ပြန်ရောက် ကိုအာကာ ကအဝတ်အစားလဲနေတာကြောင့်

"ဘယ်သွားမို့လဲ"

"club လေ ငါလည်း အားတုန်း အားခိုက်လေး သွားကဲမလားလို့"

Club က အာကာ တို့တိုက် ဘေးနားမှာတင် ဟိုဘက်တိုက် ရဲ့ 6 လွှာမှာ ဖြစ်သည်။Club ကသန့်တယ်လို့ပြောရလောက်တယ် လာလို့ရတဲ့သူတွေက လူလတ်ပိုင်းတွေဖြစ်ကြပြီး Club မှာ ဆေးသုံးခွင့်နဲ့ ရန်ဖြစ်မှု ကိုတင်းတင်းကြပ်ကြပ်ပိတ်ပင်ထားသလို ခိုးလုပ်လို့လည့်မရ သည်းကမ်းဖောက်ဖျက်တဲ့သူကို black list ထဲသွင်းပြစ်
တာဖြစ်သည်။ရက်အကန့်အသတ်နဲ့ VIP member တွေအတွက်သီးသန့်ရက်မျိုးလည်းရှိသည်။ကိုအာက VIP member card ဝယ်ထားပြီး ဒီနေ့ သီးသန့်ဖြစ်တာကြောင့် Club မှာ အမွှေဇယားတွေတော့မရှိ။သူရ ကိုအာကာ့ရဲ့ ပိုက်ဆံအိတ်ထဲ အသံဖမ်းစက် ထည့်ထားတာတော်တော်ကြာပြီဖြစ်သလို ကိုအာကာ ကိုသူအန္တရာယ်ဖြစ်စေမှာ မဟုတ်သလို တခြားမိန်းကလေးဆီလည်း အပါခံမည်မဟုတ်ပေ။သူရအခန်းထဲဝင်ပြီး အသံဖမ်းစက်နဲ့ Tablet ကိုချိတ်ကာ စောင့်ကြည့်နေလျှင်

"Hi Bro"

"ဟ..... အာကာ မလာတာနှစ်ပေါက်ပြီ"

"ဟုတ်တယ် အလုပ်နည်းနည်း များနေလို့ ပြင်းပြင်း လုပ်မှာ"

ပင်တိုင် အဖျော်ဆရာနဲ့ အာကာကအလုပ်မှာရော အပြင်မှာ ရင်းနှီးကျွမ်းဝင်ကြတာမို့ အာကာ ဒီclub မှာ VIP ဝင်ခဲ့တာဖြစ်သလို ကော့တေးသောက်ဖြစ်ရင်လည်း နောင်ရိုးစပ်တာကိုပဲ သူသောက်တတ်သည်။ဘားမှာ ထိုင်းရင်း အာကာ မျက်စိစကားနေရင်း

"နောင်ရိုး ဒီနေ့ ကောင်မလေးတွေမရှိဘူးလား"

" အွန်း....." နောင်ရိုးက လက်ကနာရီကိုကြည့်ရင်းနဲ့

"11 လောက်ဆို တစ်ဖွဲ့လာဖို့ရှိတယ် လုံးဝအလန်းတွေချည့်ပဲ အခုတော့ နည်းနည်းပျင်းစရာကောင်းမယ် စီးပွားရေးကိစ္စတွေ လုပ်နေကြတာ "

သီးသန့်ရက်တွေဆို 10 နာရီလောက်အထိကပျင်းစရာကောင်းသည်။အာကာနာရီကြည့်မိတော့ 10 နာရီ 45 ပင်ဖြစ်နေပြီဖြစ်သည်။နည်းနည်းလောက်ဆက်စောင့်ကြည့်ရမယ် လူပျိုကြီးဘဝနဲ့တော့ အရိုးမထုတ်နိုင်ဘူးလေ

ဆရာဝန်လေး ချစ်သူက မာဖီးယား ဂိုဏ်ခေါင်းဆောင်တဲ့(Complete )Where stories live. Discover now