အပိုင်း ၃ (U&Z)

6K 411 4
                                    

(Unicode)

နောက်ကျနေပြီ ဆိုတဲ့ အသိကြောင့် ရိပေါ် ကုမ္ပဏီကို ပဲ အလျင်အမြန် လာခဲ့လိုက်သည်။ ဖြတ်လျှောက်နေကျ ကျန့်ကော အခန်းရှေ့မှာ ဘာကြောင့်မှန်း မသိ သူရပ်ကြည့်နေမိသည်။

*MD ဘာလုပ်ချင်လို့လဲ...ဘာလုပ်ပေးရမလဲရှင်...

*အာ...

အတွင်းရေးမှူးမလေးက အလိုက်တသိ မေးရှာသည်။ ရိပေါ် ပြုံးပြရင်း ခေါင်းခါပြမိသည်။

*ဘာကိစ္စမှ မရှိပါဘူး...ဒါနဲ့ ဒီအခန်းထဲက ပစ္စည်းတွေ ရွေ့ထားတာများ ရှိသေးလား...

အတွင်းရေးမှူးမလေးက ခဏမျှ စဥ်းစားသလို လုပ်ပြီးမှ...

*​ေဩာ်...ပြီးခဲ့တဲ့ တပတ်က ငွေစာရင်းဌာနမှာ စင်တခု လိုတယ် ဆိုလို့... ဒီထဲက ထုတ်ပေးလိုက်တာတော့ ရှိတယ် MD...

*အခု ပြန်သွားယူလိုက်ပါ...သူတို့ကို အသစ် ဝယ်ပေးလိုက်... ဒီအခန်းထဲက ဘာပစ္စည်းမှ မယူနဲ့... သူ့ဘာသာ အရင်ကအတိုင်း ရှိပါစေ...

*ရှင်...​ေဩာ်...ဟုတ်ကဲ့...အခုပဲ သွားယူလိုက်ပါမယ်...

အတွင်းရေးမှူးမလေးက ကြောင်တောင်တောင်နဲ့ ပြန်ဖြေရင်း အပြင်ကို ထွက်သွားသည်။ ရိပေါ် သူ့ကို သူပင် နားမလည်နိုင်တော့။

ငါ ဘာတွေများ လုပ်​နေမိတာလဲ...ဟူး...

❣ ❣❣ ❣❣❣

*ဟ...ဘာတွေ လုပ်ကြပြန်တာလဲဟ... ရုတ်ရုတ် ရုတ်ရုတ်နဲ့...

ကျန်းချန် မိမိရှေ့မှာ ဖိုင်လ်တင်တဲ့ စင်ကို သယ်မနေကြတဲ့ သူများအား မေးလိုက်သည်။

*MD ဝမ်ပေါ့ ကျန်းချန်ကောရယ်...ငွေစာရင်း ဌာနက စင်လိုနေတယ် ဆိုလို့... မသုံးပဲ ပိတ်ထားတဲ့ MD ရှောင်း အခန်းထဲက ထုတ်ပေးမိတာကို... အခုချက်ခြင်း သွား ပြန်ယူရမယ် ဆိုလို့လေ...

*ေဟ...ဘယ်သူမှ မသုံးဘဲ အလကား ထားပြီး ဘာလုပ်ရမှာလဲ... ငွေစာရင်းမှာ လိုနေတာကို...

*မရပါဘူး ကျန်းချန်ကောရယ်...အဲ့အခန်းကို အရင်က အတိုင်းပဲ ထားရမယ်...ဘာမှ မလုပ်ရဘူး...နောက်လည်း ဘာမှ ယူမသုံးရဘူးတဲ့... ဟင်း...

ဟင့်အင်း ခင်ဗျားကို....(U&Z) - CompletedWhere stories live. Discover now