အပိုင်း ၂၄ (U&Z)

4.1K 283 3
                                    

(Unicode)

*MD...ဒါ MD စုံစမ်းခိုင်းထားတဲ့ ဟာပါ...လောလောဆယ်အထိ စုံစမ်းရသမျှ အချက်အလက်တွေပါ... နောက်ထပ် သိရရင် MD ကို update လုပ်ပေးပါမယ်...

ရိပေါ် ရုံးခန်းလေးထဲ ခေါင်းငိုက်စိုက်နဲ့ ဖြစ်နေတုန်း အတွင်းရေးမှူးမလေးက ဖိုင်လ်တွဲလေး တခု လာပို့တာကြောင့် ယူကြည့်လိုက်သည်။

*အင်း...ကျေးဇူးပဲ...ဒီနေ့ meeting တွေကရော...

*design consult လုပ်ဖို့ ရုံးတွင်း meeting ေတွပဲ ရှိပါမယ် MD...

ရိပေါ် ခေါင်းငြိမ့်ပြလိုက်သည်။ အတွင်းရေးမှူးမလေး ပြန်ထွက်သွားမှ မနေ့က ကျန့်ကော ပြောခဲ့တဲ့ အကြောင်းတွေကို ပြန်တွေးနေမိပြန်သည်။

❣ ❣❣ ❣❣❣

*ကင်း...ကောကို မေးဖူးတယ်နော်... ကော ဘာလို့ ကွာရှင်းခဲ့တာလဲ ဆိုတာကို...

ရိပေါ်က မိမိ ရင်ခွင်လေးထဲ မီပြီး ငြိမ်ငြိမ်လေး ရှိနေတဲ့ ကျန့်ကော ဆံပင်လေးတွေထဲ လက်ချောင်းလေးများနဲ့ ထိုးဖွနေတာကို ရပ်လိုက်သည်။

*အင်း...ဒါပေမယ့်...ကျန့်ကော စိတ်ပင်ပန်းမယ်ဆို မပြောချင်လည်း ရပါတယ်...

*ဟင့်အင်း...ဒီနေ့ ပြောပြမယ်...
ကော ချစ်လွန်းလို့ စွန့်လွှတ်လိုက်တာ လို့လည်း... ကင်းကို ဖြေဖူးတယ်နော်...
ဟုတ်တယ်... ကိုယ့်အနားမှာ နေပြီး စိတ်ဆင်းရဲနေရတဲ့... အဲ့ကောင်လေးကို ကြည့်ပြီး ရင်တွေနာရလွန်းလို့...သူ ကြည့်တဲ့ နာကျည်းနေတဲ့ မျက်ဝန်းတွေကို ရင်မဆိုင်ရဲတော့လို့... လက်လွှတ်လိုက်တာ...
ကင်း သိလား... နောက်ဆုံးတခေါက် သူ အိမ်က ထွက် မသွားခင်မှာ ကောကို ကြည့်ခဲ့တဲ့အကြည့်တွေ...အရမ်း ရင်နာဖို့ကောင်းတယ်...
အဟင်း...ကျွန်တော်က ခင်ဗျားအတွက် စည်းစိမ်ချမ်းသာရနိုင်တဲ့ ယောကျာ်း ဖြစ်နေလို့ လက်ထပ်ခဲ့တာ ခင်ဗျားအတွက် မှန်ပေမယ့်... ကျွန်တော့်အတွက်ကျ ကိုယ်ချစ်တဲ့သူကို စွန့်လွတ်ပြီး ခင်ဗျားလို လောဘကြီးတဲ့လူ နားမှာ အသက်ရှင် နေရတာ ငရဲ ပဲတဲ့...

တောင်းပန်ပါတယ် ကောရယ်...တကယ်ပါ...ကျွန်တော် တကယ်ကို မစဥ်းစားပဲ ပြောခဲ့မိတာတွေပါဗျာ...

ဟင့်အင်း ခင်ဗျားကို....(U&Z) - CompletedWhere stories live. Discover now