အပိုင်း ၁၆ (U&Z)

4.4K 308 2
                                    

(Unicode)

ရိပေါ် ပြန်သွားပြီမို့ ရှောင်းကျန့် ခြံလေးထဲ အေးအေးချမ်းချမ်း ထိုင်နေသည်။ စစ်ကျွေး တယောက်သာ ဘာမှန်းမသိ အလုပ်ရှုပ်နေခဲ့လေသည်။

*ဟား...အားလုံး ပြီးပြီ...ကော အေးနေပြီလား...အိမ်ထဲ ဝင်ရအောင်လေ...

*ရပါသေးတယ်...မင်းလည်း နားပါဦးကွာ... ဒီတနေ့လုံး တတောက်တောက်နဲ့ လုပ်နေတာ မောရောပေါ့...အအေးလေး ဘာလေး သောက်ပြီး နားပါဦး...

စစ်ကျွေးက သူ့ကို မမြင်ရတဲ့ ရှောင်းကောကို မျက်စောင်းလေး ထိုးလိုက်သည်။

ဟင်း...အပြောကောင်းတဲ့ အစ်ကိုကြီး...အဲ့ဒါကြောင့် ကင်းကောက ခွာမရအောင် ကပ်နေတာနေမယ်...

*ကော...ကင်းကောကလေ...

စစ်ကျွေး စကားစရင်း ရှောင်းကောမျက်နှာကို သေချာ လိုက်ကြည့်နေသည်။ ဘာမျှ မထူးခြား...

*အင်း...ဘာလို့လဲ...

*ကောအပေါ် မရိုးဘူးထင်တယ်...

*ဟေ...ဟား...ဟား...ဟား...ကောလို မျက်မမြင်ကို စိတ်ဝင်စား ရအောင်အထိတော့ ကင်းက မမိုက်မဲလောက်ပါဘူးကွာ...ပြီးတော့ ကောထက် ကောင်မလေးတွေကိုပဲ စိတ်ဝင်စားမှာပေါ့...ကောက သူ့အတွက် ဘယ်မှာ ပွဲလယ်တင့်မှာလဲ....

ရိပေါ်တုန်းကဆို ဧည့်ခံပွဲရှိလို့ တူတူ တက်ရမယ်ဆို အမူးသောက်ပြီး ပြန်ပါလာတတ်သည်။ ယောကျာ်းချင်း လက်ထပ်လိုက်ရတာ ရှက်လို့ဆိုကာ သူ့ကို ရစရာမရှိအောင် ပြောဆိုပြီး အိပ်သွားသည်။ မိမိမှာသာ ရင်တခုလုံး မွမွကြေလို့ သူပြောသမျှ ငြိမ်ခံခဲ့ရသည်။

မိမိပြောပြသည်ကို ရယ်စရာ ပျက်လုံး တခုလို တွေးနေတဲ့ ရှောင်းကျန့်ကို စစ်ကျွေးက မျက်စောင်းထိုးမိပြန်သည်။

လူဆိုးကြီး...ဒီက အကောင်းပြောနေတာကို...ပျက်ချော်ချော်နဲ့...ဟင်း...

*ကော တွေးမိလား... အရင်အခေါက်တွေကတော့ ကျွန်တော် အကူအညီ တောင်းလို့ ကင်းကောက လာရတာလေ...ဟိုနေ့ညကတော့ သူ့ဘက်ကအရင် ဖုန်းအတင်းဆက်ပြီး ညဥ့်နက်သန်းခေါင် လာတာနော်... ပြီးတော့ ကောအခန်းထဲ တန်းဝင်ပြေးတာ...

ဟင့်အင်း ခင်ဗျားကို....(U&Z) - CompletedWhere stories live. Discover now