အပိုင်း ၁၂ (U&Z)

4.4K 311 7
                                    

(Unicode)

*ရှောင်းလေး...နင် အဲ့ဒီ ဝမ်ရိပေါ်ဆိုတဲ့ ကောင်လေးကို အရမ်း အလို လိုက်တယ်နော်...

*ကလေးပဲ စုယွဲ့ရယ်...ငါ့ထက် ၆ နှစ်တောင် ငယ်တာကို...

*ဒါပေမယ့်.... နင်က အလို လိုက်တာထက် ပိုတယ်... သူကလည်း ကလေးပုံမဟုတ်ဘဲ...နင့်ကိုပဲ ကပ်ပြီး အနိုင်ကျင့်ချင်နေတာနဲ့ တူနေတယ်...ဒါမှ မဟုတ် နင်က သူ့ကိုပဲ ဂရုစိုက်ရမယ် ဆိုတဲ့ပုံမျိုး...

*မဟုတ်ပါဘူးဟာ...သူ့ ပါးပါးနဲ့ မားမားက ငါ့ကိုလည်း သားတယောက်လို ထားတော့... နည်းနည်းတော့ အလိုမကျဘူးထင်တယ်...ဒါပေမယ့် ငါအဆင်ပြေပါတယ်...ငါ့မားမားရဲ့ နှလုံးနဲ့ အသက်ရှင် နေတဲ့ ဝမ်မားမား စိတ်ချမ်းသာရင် တော်ပါပြီ...ဒီကလေးကို ငါ အလျော့ပေးရလည်း ပြဿနာ မဖြစ်ပါဘူး...

စုယွဲ့ သက်ပြင်းသာ ခိုးချမိသည်။

❣ ❣❣ ❣❣❣

ဝမ်ပါးပါးက ရှောင်းကျန့် ကျောင်းပြီးတာနဲ့ သူရဲ့ interior decorative center မှာ အလုပ်တန်းခန့်သည်။ ပုံဆွဲပုံထုတ် ဝါသနာပါတဲ့ ရှောင်ကျန့်က မကြာခင်မှာပဲ အလုပ်ကို ကျွမ်းကျင်လာခဲ့သည်။

ထို့အတူ လုပ်ငန်း ပါတနာ ဟန်ဖုန်းရိအကြောင်းကိုလည်း သိလာရသည်။ ငယ်ရွယ်ထက်မြတ်တဲ့ ရှောင်းကျန့်က ဟန်ဖုန်းရိမျက်လုံးကို ဆံပင်မွှေးဆူးစေတော့သည်။ အလုပ်နဲ့ ပတ်သတ်ရင် အလျော့မပေးတတ်တဲ့ ရှောင်းကျန့်က သဘောထား ပျော့ပြောင်းတဲ့ ဝမ်ပါးပါးထက် ကိုင်တွယ်ရခက်လေသည်။

အရာရာကို သူ့ခြေ သူ့လက် ဖြစ်သည်အထိ လုပ်ဆောင်နိုင်တဲ့ ရှောင်းကျန့်ကို ဝမ်ပါးပါး ချစ်တာလည်း အပြစ် ပြောစရာ မရှိ။ ဒါကြောင့်ပဲ ဝမ်ပါးပါး ကားအက်စီးဒင့်နဲ့ ကွယ်လွန်သွားချိန်မှာ ဝမ်မားမားက ကုမ္ပဏီ တခုလုံး ရှောင်းကျန့် လက်ထဲ အပ်ခဲ့လေသည်။

တနေ့ ဝမ်မားမားက ရှောင်းကျန့်ကို သီးသန့် ခေါ်တွေ့သည်။

*သား...အားကျန့်...လာ ထိုင်ဦး...

*မားမား ပြောစရာ ရှိလို့လား...

*အင်း...အခုတလော သားဝမ်...ဟန်ဖုန်းရိ သမီးနဲ့ တွဲနေတယ်ဆိုတာ...သား သိလား...

ဟင့်အင်း ခင်ဗျားကို....(U&Z) - CompletedWhere stories live. Discover now