အပိုင်း ၁၉ (U&Z)

4.6K 308 4
                                    

(Unicode)

ရိပေါ် မျက်ရည်များကို လက်ခုံနဲ့ ခပ်ကြမ်းကြမ်း ပွတ်သပ်ဖယ်ရှားလိုက်သည်။ အတန်ကြာ ငြိမ်နေပြီးနောက် မျက်နှာက ပကတိတည်ငြိမ်လာသည်။ ထို့နောက် မီးခံသေတ္တာထဲကို စာချုပ်များ ပြန်ထည့်ကာ ရှောင်းကျန့် အခန်းထဲမှ ခြေလှမ်းကျဲများနဲ့ ထွက်သွားလေတော့သည်။

❣ ❣❣ ❣❣❣

အင်း...

ရှောင်းကျန့် အိပ်ရာထဲ လူးလှိမ့်လိုက်သည်။

ရှောင်းကော...နိုးပြီလား... အမယ်... မျက်နှာက ပြုံးရွှင်လို့...ညက ဘာများ အကြောင်း ထူးလို့လဲ...

စစ်ကျွေးက ပြုံးစိစိနဲ့ အိပ်ရာထဲ အတွေးနယ်ချဲ့နေဆဲ ရှောင်းကျန့် ကို မေးလိုက်သည်။

*အိမ်မက်ကောင်း လို့ပါ စစ်ကျွေးရာ...

*ဝါး... ဘာမို့ ဒီလောက် သဘောကျနေတာလဲ...ကျွန်တော့်ကိုလည်း ပြောပြဦးလေ...

*ဘာလို့ပြောပြရမှာလဲ... ပြောမပြပါဘူး...

ရှောင်းကျန့်က ညစ်ကျယ်ကျယ်လေး ပြန်ပြောလိုက်သည်။

ဟုတ်တယ်...ပြောပြလို့ မဖြစ်ဘူး...အိမ်မက်က ရိပေါ်အကြောင်း...ရိပေါ်က သူ့ကို ကြင်ကြင်နာနာလေး ဖက်ထားပြီး...သူ့နှာဖူးလေးကိုလည်း ညင်ညင်သာသာလေး နမ်းသွားသေးတယ်...သူကလည်း လွမ်းနေတဲ့ အကြောင်းနဲ့ သိပ်ချစ်တဲ့ အကြောင်းကို... ရိပေါ် ရင်ခွင်လေးထဲ တိုးပြီး တိုးတိုးလေး ပြောပြလိုက်သေးတယ်... ရိပေါ်က သူ့ကို နွေးနွေး ထွေးထွေးလေး ဖက်အိပ်နေခဲ့တာလေ...ဘယ်လောက်ကောင်းလိုက်တဲ့ အိမ်မက်လဲ... အမုန်းတရားတွေ...နာကျည်းတာတွေ... နားလည်မှု လွဲတာတွေလည်း မရှိဘူး...
ရိပေါ်... ဒါက အိမ်မက်လေးပါပဲ...ဒါပေမယ့် အဲ့ခဏတာ အချိန်လေးအတွက် ကောကျေနပ်ပါတယ်...
အင်း...အိမ်မက်ပေမယ့် စစ်ကျွေးကိုတော့ ပြောပြလို့မဖြစ်ဘူး...စစ်ကျွေးကတော့ ကလေးပီပီ ရိပေါ်ကို စိတ်ဆိုးနေဆဲ မဟုတ်လား...

*ရေှာင်းကောနော်...ဒီအိမ်မှာ လူ နှစ်ယောက်ထဲ ရှိတာကို လျှိုတယ်ပေါ့ ဟုတ်လား... ကျွန်တော်က အကောင်းမေးတာကို...မပြောချင်လည်း နေပေါ့...ဟွန်း...

ဟင့်အင်း ခင်ဗျားကို....(U&Z) - CompletedWhere stories live. Discover now