(Unicode)
ဒေါက်... ဒေါက်...
အခန်းတံခါး ခေါက်သံကြောင့် ရိပေါ်ရော ရှောင်းကျန့်ပါ အသံလာရာဆီ လှည့်ကြည့်လိုက်ကြသည်။
*ကောတို့ ကျွန်တော် ဝင်လာလို့ ရပြီလား...ဝင်လာမလို့နော်...
စစ်ကျွေး လှမ်းပြောလိုက်တဲ့ စကားကြောင့် ရှောင်းကျန့် တယောက် နားရွက်များပင် ရဲ လာကာ ခေါင်းငုံထားမိသည်။ ရိပေါ်ကတော့ ကျန့်ကော ဖြစ်သွားပုံကို ကြည့်ပြီး ရယ်ရတာ အူတက်နေသည်။
ရှေ့က ရှက်နေတဲ့ အကောင်ပေါက်ေလးကို စစ်ကျွေးသာ ဝင်မလာရင် သူဘာလုပ်မိမယ် မသိဘူး။
*အင်း...ဝင်လာခဲ့တော့ ရပြီ...
ရိပေါ်က ရယ်သံစွက်နေတဲ့ အသံနဲ့ ပြန်ပြောလိုက်သည်။ ထိုအခါမှ တံခါး ဖွင့်သံနဲ့အတူ မချိုမချဥ် မျက်နှာေပးနဲ့ စစ်ကျွေးက အခန်းထဲကို ဝင်လာလေသည်။
*ကောတို့ နေ့လည်စာ စားကြစို့လေ...၁၂ နာရီတောင် ခွဲနေပြီဟာ... ဘာလဲ...ကောတို့က မဆာကြသေးဘူးလား...ဘာတွေ စားထားကြလို့လဲ...
စူးစမ်းတဲ့ အကြည့်လေးနဲ့ မေးလာတဲ့ စစ်ကျွေးကို ရိပေါ်က မျက်စိတဖက်မှိတ်ပြကာ ဖြေသည်။
*စတော်ဘယ်ရီသီး ချိုချိုလေး...
ရိပေါ် ပြောတော့ ရှောင်းကျန့်က ငုံထားတဲ့ မျက်နှာကို လက်တဖက်နဲ့ အုပ်ပြီး တခွိခွိနဲ့ရယ်လေသည်။
*ဟင်...စည်းမရှိ ကမ်းမရှိနဲ့ ဒီအချိန်ကြီး သွားရည်စာ စားရသလား... ရှောင်းကောနော်... ဆေးသောက်ရဦးမှာကို...မသိတာလည်း မဟုတ်ဘူး...ကင်းကောကလည်း ကြပ်ကြပ် အလိုလိုက်...ဟင်း...
လာ...လာ...နှစ်ယောက်စလုံး... ထမင်းပွဲ ပြင်ပြီးပြီ...ထမင်းလာစားကြ...ဆေးသောက်ရေတာ့မှာကို...လိုက်ခဲ့...ဆူဆူ ဆောင့်ဆောင့်နဲ့ မာန်မဲကာ ထွက်သွားတဲ့ ကောင်လေး ပျောက်သွားတာနဲ့ ရိပေါ်က ရယ်ကျဲကျဲနဲ့ ရှောင်းကျန့်ကို လှမ်းဖက်လိုက်သည်။
*တော်လောက်ပြီလေ ကင်းရယ်... ကြာရင် မင်းကြောင့်... တရက်ထဲနဲ့ ကော ပရုတ်လုံး ဖြစ်သွားနိုင်တယ်...
YOU ARE READING
ဟင့်အင်း ခင်ဗျားကို....(U&Z) - Completed