Real World - 6

5K 775 38
                                    

Zawgyi


လီရုန် ၊ရှကောဖေး နှင့်လျိုချင်းဟောင်ဟာ ဆေးရုံထဲမှထွက်လာကာ ကားဆီကိုဦးတည်လျှက် လျိုချင်းဟောင်က ယဉ်မောင်းသူနေရာမှာဝင်လိုက်ထိုင်ပြီး ရှကောဖေးနှင့်လီရုန်ကအနောက်မှထိုင်လိုက်ကြသည်။လျိုချင်းဟောင်က မျက်မှောင်ကြုတ်ကာ မကျေနပ်သောလေသံနဲ့ပြောလိုက်တယ်။

"ငါကမင်းတို့ရဲ့ဒါရိုက်ဘာလား!နှစ်ယောက်လုံးအနောက်မှဝင်ထိုင်နေရအောင်.."

လီရုန်က လျိုချင်းဟောင်ကိုကြည့်ကာ သက်ပြင်းလေးချပြီး..

"လျိုချင်းဟောင် မင်းမှာချစ်သူရှိတာရောဟုတ်ရဲ့လား?မင်းနားကခုံက Lover seatလေ။ ငါတို့က မင်းနေရာကိုဘယ်လိုဝင်ထိုင်ရဲမှာလဲ ။ဟုတ်တယ်နော် ကောဖေး!"

"အင်း"

ရှကောဖေးကလည်း လီရုန်ပြောတာကို ပြုံးကာထောက်ခံသည်။

လျိုချင်းဟောင်က လီရုန်ပြောတာလဲမှန်သားပဲဆိုကာ ဘာမှဆက်အထွန့်မတက်တော့ပဲ ကားစက်နှိုးလိုက်ကာ ဆေးရုံမှထွက်ခွာလာခဲ့တယ်။

"လောလောဆယ် ငါ့အိမ်မှာပဲ နေလိုက်ဦး.."

လျိုချင်းဟောင်က ပြောလာတော့ ရှကောဖေးက လီရုန်လက်ကလေးကိုကလိနေရင်း မျက်လုံးလှန်ကြည့်ကာပြောလာတယ်။

"ရှမိသားစုကမဆင်းရဲဘူး..။ပိုင်ဆိုင်တဲ့အိမ်တွေအများကြီးရှိတယ်.."

"ရှမိသားစုကမဆင်းရဲပေမယ့် ငါကတော့ အဲ့ဝေးလှန်လွန်းတဲ့ အိမ်တွေဆီထိ မောင်းသွားရမှာ စိတ်ဆင်းရဲတယ်..။ငါ့အိမ်မှာပဲနေစမ်းပါ။ဘာလဲ?မင်းတို့ လွတ်လွတ်လပ်လပ်မနေရမှာစိုးလို့လား?အဟက် စိတ်ချပါကွ ငါ့အိမ်ကအခန်းတွေကအသံလုံပါတယ် နောက်ပြီး အိမ်မှာက ငါတစ်ယောက်ပဲရှိတော့ မင်းတို့အခန်းထဲဝင်လာမှာလဲမစိုးရိမ်ရပါဘူး..။ဆေးရုံအခန်းတွေလိုမှမဟုတ်တာ.."

လီရုန်က လျိုချင်းဟောင်စကားကို ရှကောဖေးရင်ခွင်ထဲမှီကာ နားထောင်နေရင်း တဖြည်းဖြည်းကြားလာရတဲ့စကားတွေကြောင့် မျက်လုံးပြူးကာ ရှကောဖေးရင်ခွင်ထဲမှထွက်လိုက်တယ်။

System Ah li( Real world) Where stories live. Discover now