Part 4

4.1K 443 6
                                    

!!

နောက် မကြာခင်မှာပဲ ဝမ်ယွီဖေးက  M city က မင်းသမီး နျန်နျန် နဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေကို ရိပေါ်ဆီလှမ်းပို့ပေးလာတယ်။

ထင်ထားတာထက်တောင် မြန်နေသေးတာမို့ ရိပေါ်
ခပ်ဖွဖွ ပြုံးလိုက်မိတယ်။ ဘယ်လောက်တောင် ထိုး‌ကျွေးချင်နေရတာတုန်း။

ရိပေါ် ... ထိုစာရွက်တွေကို ဖွင့်လည်းမကြည့်ချင်သလို ဖွင့်ကြည့်စရာလည်း မလိုဘူး။ တစ်ပုံစံတည်း ဖြစ်နေတဲ့ အကြောင်းအရာမလို့ အထဲမှာ ဘာတွေပါသလဲ သူသိပြီးသား။

လက်ဖျောက်သံ တစ်ချက်နဲ့အတူ စားပွဲပေါ်က စာအိတ်ဟာ ပြာမှုန်ဖြစ်သွားခဲ့သည်။

***

ဒီနေ့လည်း ပုံမှန်အတိုင်း ရိပေါ် အစောကြီး နိုးပြန်တယ်။ ထို့‌ကြောင့် morning exercises အတွက်သင့်တော်မယ့် အဝတ်အစားတစ်စုံကို ရွေးထုတ်လိုက်ပြီးနောက် သူ ခြံထဲဆင်းလာခဲ့လိုက်ကာ တစ်နာရီနီးပါးကြာသော ပြေးခြင်းကို စတင်လိုက်တော့သည်။

alpha တွေ omega တွေဆိုတာက ချွေးထွက်လေ သူတို့ gland တွေကပိုအလုပ်လုပ်လေ ဖြစ်ပြီး pheromone တွေ ထုတ်ပေးလေဖြစ်သည်။

ခြံဝင်းအတွင်း ပြင်းရှပြီး အားကောင်းတဲ့ ရနံ့တစ်မျိုးက ပျံ့လွင့်လာသည်။ ထိုအနံ့က ရိပေါ်ရဲ့ ခန္ဓာကိုယ်ကနေ ထွက်နေတာဖြစ်ပြီး ပတ်ဝန်းကျင်ကိုလည်း ပျံ့နေသည်။ နှစ်လိုဖွယ်ကောင်းပေမယ့် ရှူရှုက်သင့်တဲ့ အနံ့တော့မဟုတ်ဘူး။ အန္တရာယ် ရှိတယ်။ ရိပေါ်က နေ့တိုင်းလေ့ကျင့်ခန်းလုပ်လေ့ရှိသလိုသူ့ညီ alpha တွေကလည်း သူ့လိုပဲ။ အဲ့တာကြောင့် သူတို့ pheromone နံ့တွေ ထွက်လာခဲ့ရင် ပြသနာမဖြစ်ရလေအောင် အိမ်တော်ထဲ မှာ omega တစ်ယောက် မှ မထားဘူး။

ရိပေါ် ပြေးနေတဲ့ပတ်လမ်းက အိမ်ကိုအရှေ့ကနေအနောက်ထိ တစ်ပတ်ပတ်ထားတဲ့ လျှောက်လမ်းဖြစ်ပြီး ရိုးရှင်းတဲ့ စက်ဝိုင်းပုံစံလျှောက်လမ်းဆိုပေမယ့် တစ်ပတ်ပြည့်အောင် ပြေးဖို့အတွက် မိနစ်ခြောက်ဆယ်ကနေ မိနစ် တစ်ရာနီးပါးကြာကာ လမ်းလျှောက် မယ်ဆိုရင်တော့ အနည်းဆုံး နှစ်နာရီလောက်ကြာနိုင်သည်။

The 7th Prince (Yizhan)Where stories live. Discover now