Part 20

2.6K 300 3
                                    

!!


unknown : စာမေးပွဲအခြေအနေဘယ်လိုလဲ

ရှောင်ကျန့် ဖုန်းမျက်နှာပြင်ပေါ်က စာသားကို စိုက်ကြည့်နေမိသည်။

unknown : ?

နောက်ထပ်တစ်ကြိမ် ထပ်ရောက်လာတဲ့ စာကြောင်း။ သူ့စိတ်ထဲမှာ တစ်ခုခုကတော့ လွဲနေပြီလို့ ခံစားလိုက်ရတယ်။ သို့သော် ဘာက ဘယ်လိုလွဲနေသလဲကိုတော့ ရှောင်ကျန့် အတိအကျမပြောနိုင်ပေ။

XZ : ကောင်းတယ်လို့ထင်တာပဲ။ အခုထိ အမှတ်စာရင်းတွေ မထုတ်ပြန်ရသေးဘူးမို့ အတိအကျမသိရသေးဘူး။ မင်းရော?

Unknown : ✓

တစ်ဖက်လူက အမှန်ခြစ်တစ်ခုသာ ပြန်ပို့ပေးလာတာကြောင့် ရှောင်ကျန့်စိတ်ထဲ ခိုးလိုးခုလုဖြစ်သွားတယ်။

XZ : အတန်းခေါင်းဆောင်...

Unknown : ဟမ်?

ရှောင်ကျန့်ဟာ သူ့စိတ်ထဲက ထူးဆန်းနေမှုကို အတည်ပြုချင်တာကြောင့် စမ်းသပ်လိုက်တာပေမယ့်.....?

ဟမ်! ဒါက ဘာသဘောလဲ???

XZ : ဘာမှမဟုတ်တော့ပါဘူး။

သူ ဖုန်းပိတ်လိုက်တယ်။ မရေရာ မသေချာတဲ့ ခံစားချက်က သူ့တကိုယ်လုံးကို လွှမ်းခြုံလာသည်။

သူနဲ့တောက်လျှောက်စကားတွေပြောနေခဲ့တဲ့သူက ဖေးအာလား ဒါမှမဟုတ် တခြားတစ်ယောက်လား။ သူသိချင်လာ၏။

‌ရှောင်ကျန့်ဟာ ထိုအဖြေကို သိရဖို့ ခုနဆိုင်ဆီ ပြန်သွားလိုက်သည်။ သူရောက်တော့ ဆိုင်ထဲကနေ ကမန်းကတန်း ထွက်လာတဲ့ ရှောင်ဖုန်းကို မြင်လိုက်ရတယ်။ ဒါပေမယ့် ဖေးတို့နှစ်ယောက်ကတော့ မရှိတော့ဘူး။

"ဘယ်သူ့ကို ရှာနေတာလဲ"
ဟိုကြည့်ဒီကြည့်လုပ်နေတဲ့ ရှောင်ကျန့်ကြောင့် ရှောင်ဖုန်း မေးလိုက်တယ်။ ရုတ်တရက်ကြီး ပြေးထွက်သွားပြီး ရုတ်တရက်ပဲ ပြန်ရောက်လာတဲ့ ရှောင်ကျန့်ကြောင့် သူနည်းနည်းထူးဆန်းတယ်လို့ ထင်မိတယ်။ သူ့ကြောင့်တော့ မဟုတ်တာသေချာတယ်။

"ဖေးအာကို "
ထင်တဲ့အတိုင်းပဲ။

"...ဖေးလား ? ခုနကပဲ ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်ပြီး ထွက်သွားပြီလေ။ နေပါဦး... မင်းက ဘာကိစ္စရှိလို့ သူ့ကို ရှာတာလဲ "
"ဒီ-ဒီလိုပဲ"
ရှောင်ကျန့်ရဲ့ ဖြေရခက်နေတဲ့ပုံစံကို ရှောင်ဖုန်းတစ်ခါမှ မမြင်ဖူးဘူး။ အခုက ဘာလဲ။ ဖေးနဲ့ရှောင်ကျန့်ကြားမှာ တစ်ခုခုရှိနေတာလား?။

The 7th Prince (Yizhan)Where stories live. Discover now