Part 7

3.5K 370 4
                                    

!!



ရှောင်ကျန့်အခန်းတံခါးကိုပြန်ပိတ်လိုက်ပြီး သူ့လက်ထဲကအထုတ်ကို စိုက်ကြည့်လိုက်သည်။ အထုတ်မျက်နှာပြင်အပေါ်ဘက် မှာ လှပပြီးသေသပ်တဲ့ စာလုံးလေးနဲ့ လူနှစ်ယောက်ရဲ့ နာမည်ကိုရေးထားသည်။

from- ဝမ်ကျန်းချန်

to- ရှောင်ကျန့်

ရှောင်ကျန့် သူ့ကိုပို့ပေးတဲ့လူကို သိပြီးနောက် ထိုအထုတ်ကို ကုတင်ပေါ်တင်လိုက်၏။

ညအိပ်ဝတ်ဖို့အတွက် ဗီဒိုအောက်ဆုံးထပ်မှာ ရှိတဲ့ နို့နှစ်ရောင် အင်္ကျီကို ထုတ်ယူလိုက်သည်။

အင်္ကျီ၀တ်ပြီးတော့ ကုတင်ပေါ်က အထုတ်ဆီ သူ မျက်စိရောက်သွားတယ်။ အထဲမှာဘာပါလဲ သိချင်တာကြောင့် ထိုအထုပ်ကို ဖွင့်ဖို့ သူဓားသေးသေးလေးယူလိုက်သည်။ ထို့နောက် စိတ်ပြေလက်ပြေဖွင့်လိုက်သည်။

အထုပ်ဖြည်ပြီးသွားတဲ့အခါ ရှောင်ကျန့်တွေ့လိုက်ရတာက Diary စာအုပ်လှလှလေး သုံးအုပ်နဲ့ အဖြူရောင်အင်္ကျီတစ်ထည်။

အင်္ကျီရဲ့ အရှေ့ဘက်မှာ ကျန်းချန်ရဲ့ ပြောင်ချော်ချော် မျက်နှာကြီး ရှိနေတာကို တွေ့လိုက်ရတဲ့ တစ်ခဏ၊ ရှောင်ကျန်ပ မထိန်းနိုင်ဘဲ ရယ်မိသွားသည်။

ပြီးတဲ့နောက် သူ အင်္ကျီကို ဘေးချလို့ diary စာအုပ်သုံးအုပ်ကို ယူလိုက်သည်။ ပထမဆုံးစာအုပ်က အမဲရောင်ဖြစ်ပြီး အဖုံးမှာ ကျောက်စီထားသည်။ အဖုံးနဲ့တင် စျေးကြီးမှန်း ရှောင်ကျန့်ခန့်မှန်းနိုင်တယ်။ စာအုပ်အတွင်းပိုင်းကို ကြည့်မိတော့ စာရွက်သားက နူးညံ့ပြီး အတော်ကောင်းတယ်လို့ဆိုရမယ်။ နောက်ပြီး စာရွက်ကြားထဲက ထွက်လာတဲ့ ဓာတ်ပုံတစ်ပုံ။

ရှောင်ကျန့် မျက်နှာဟာ ထိုဓာတ်ပုံကိုကြည့်ပြီး တွန့်ချိုးသွားရသည်။ ဘာလို့ဆို ထိုဓာတ်ပုံဟာ ကျန်းချန်ပုံဖြစ်ပြီး ထိုပုံထဲမှာ ကျန်းချန်က အင်္ကျီအဖြူကို ဝတ်ထားပြီး အင်္ကျီရှေ့ခြမ်းမှာ ရှောင်ကျန့်အိပ်နေတုန်း ခိုးရိုက်ထားတဲ့ ဓာတ်ပုံကြီး ပါနေတယ်။

ဓာတ်ပုံရဲ့ထောင့်နားလေးမှာ လက်ရေးခပ်သဲ့သဲ့နဲ့ စာလေးတစ်ကြောင်းပါသည်။

The 7th Prince (Yizhan)Where stories live. Discover now