Part 27

2.6K 295 2
                                    

!!



သူတို့တွေ မြို့တော် Y ရဲ့ နယ်နိမိတ်ထဲ ပြန်ရောက်တော့ ရှောင်ကျန့်နဲ့ ရိပေါ်တို့ ကြားက လေထုဟာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ 

ဝူမင်နဲ့ ရှောင်းပိုင်တို့ နှစ်ယောက်က ထိုအခြေအနေကို ရိပ်မိနေကြသည့်တိုင် ဘာတစ်ခုမှ ဖွင့်ပြောတာမျိုး မလုပ်ခဲ့ဘူး အဲ့အစား အိမ်ရှေ့စံတို့ နှစ်ယောက်ကို တိတ်တိတ်လေး အကဲခတ်နေကြသည်။

ဝူမင်ဟာ ရှောင်းပိုင်က သူ့ကို တစ်ခြားအခန်းဆီ ဆွဲခေါ်သွားပြီးတဲ့နောက် သူတို့ကြား ပြောခဲ့တာတွေကို ပြန်စဉ်းစားမိသည်နှင့် ညီဖြစ်သူကို လှမ်းကြည့်မိသည်။

ရေပြင်ညီလို တည်ငြိမ်နေတဲ့ ရှောင်ကျန့် အကြည့်တွေကြောင့် ဝူမင့်စိတ်ထဲ လေးလံလာတယ်။ အခုချိန်ထိ ရှောင်ကျန့်က သူစိမ်းတစ်ယောက်လိုပဲလို့ သူ ခံစားနေရတုန်း။

"ကော"

သူတို့ဘက် လှည့်လာတဲ့ ရှောင်ကျန့်က ဝူမင်နဲ့အကြည့်ချင်း စုံတဲ့အခါ လှမ်းခေါ်လာတယ်။ ဝူမင် မပီပြင်တဲ့ အပြုံးကို အတင်းလုပ်ယူပြီး အားကျန့်နား သွားလိုက်သည်။

"ဘာဖြစ်လို့လဲ အားကျန့်"

"..."

မင်ကောက သူ့ကိုယ်သူ ဖိအားပေးပြီး ပြုံးထားရတယ်ဆိုတာ ရှောင်ကျန့် သိတယ်။ သူ့ စိတ်တွေ တည်ငြိမ်သွားတဲ့အခါ လူတွေ အားလုံးကို  ဖောက်ထွင်း မြင်ရသလိုမျိုး၊ ရှောင်ကျန့်ဟာ တစ်ဖက်လူရဲ့ အတွင်းစိတ်ကို ခန့်မှန်းနိုင်လာသည်။

စကားမပြောဘဲ စိုက်ကြည့်နေတဲ့ ရှောင်ကျန့်ကြောင့် ဝူမင်ရော ဘေးနားက ရှောင်းပိုင်ပါ သတိအနေအထားကို ရောက်ရှိသွားကြတယ်။ ရိပေါ်သည်ပင် သူတို့ကြားကို အာရုံစိုက်လာသည်။

"ရှောင်ကျန့်"

ရိပေါ်ဟာ သူ့ပေါင်ပေါ်မှာ အခန့်သားထိုင်နေတဲ့ ရှောင်ကျန့်၊ နားရွက်ထိပ်နားထိ ငုံ့ချလိုက်ပြီး တိုးတိုးလေး ခေါ်လိုက်တယ်။

"ဘာမှ မဖြစ်ပါဘူး"

"အော-အော ! ကောင်းပြီ"

ဝူမင်တစ်ယောက် ညီဖြစ်သူနဲ့ စကားပြောရတာ ဒီလောက်ထိ ဖိအားတွေများနေလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးပါ။ ရှောင်ကျန့် အနားနီးကပ်သွားတာနဲ့ အမျှ လေးလံပြီး ဖိနှိပ်ထားတဲ့ လေထုတစ်ခုအောက် ကျရောက်သွားသလိုမျိုး ခံစားရသည်။ 

The 7th Prince (Yizhan)Место, где живут истории. Откройте их для себя