Part 34

2.3K 256 0
                                    

*တင်ပေးချင်ဇော ကြီးလို့ စာလုံးပေါင်း စစ်ထားတဲ့ ကြားကနေ အမှားတွေ 

ထပ်ပါလာခဲ့ရင် တောင်းပန်ပါတယ်နော်*


!!


"အားးး အားးးး တောင်းပန်ပါတယ် .. ကျွန်တော် တောင်းပန်ပါတယ်.. ဒီတိုင်း ဟင့်.. အမိန့်ပေးလို့ လာရတာပါ.. မင်းသားတို့ စကားပြောတာကို ခိုးနားထောင်မိဖို မရည်ရွယ်ပါဘူး အားး အားးး"

ထိုလူ၏ အာခေါင်ခြစ်အော်သံသည် ခြံဝန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ရှောင်ကျန့်ဟာ ထိုအမျိုးသား ဘာပြောပြော စိတ်ဝင်စားမနေဘဲ လုပ်လက်စကိုသာ ဆက်လက် လုပ်ဆောင်နေ၏။

"အားးး အားး... တောင်းပန်ပါတယ် ဟင့်... ဟင့်" 

"ယောက်ျားကြီးဖြစ်ပြီး ငိုနေတာ မရှက်ဘူးလား ဦးလေး .. အော် ဟုတ်သား" - ထိုလူ အမြန်သေသွားမှာဆိုး၍ ရှောင်ကျန့်သည် သူထည့်ထားသည့် ရေခဲတွေရဲ့ အေးခဲမှုနှုန်းကို နည်းငယ် လျှော့ပစ်လိုက်သည်။ 

"ဒီလိုဆို မြန်မြန်မသေတော့ဘူးမလား ဟီးဟီးဟီး"

"တောင်းပန်ပါတယ်..သတ်-သတ်ရင်လည်း - သတ်လိုက်ပါ..အားးး" 

တစ်ချက်ပြီးတစ်ချက် ထိုးစိုက်လာတဲ့ ရေခဲဓားမြှောင်ကြောင့် ထိုလူ့လက်ဖျံဟာ အစစ အမွမွ ဖြစ်သွားတော့မယ့် အနေအထားမှာရှိတယ်။ အဲ့လိုဆိုရင်တောင်မှ ရှောင်ကျန့်တစ်ယောက် နှိပ်စက်မှုကို နည်းနည်းလေးတောင် ရပ်တန့်မသွားခဲ့။

"ကျွန်တော်က အနုပညာ တစ်ခု ဖန်တီးချင်ရုံပါနော်..ဦးလေးဘက်က ခဏလောက် သည်းခံပေးလို့မရဘူးလား ဟမ့် ပျော့ညံ့လိုက်တာလည်း လွန်ရော"

"အားကျန့်!!" - အပြင်ဘက်က အသံတွေကြောင့် ရောက်ရှိလာသည့် သူ့အစ်ကိုနှစ်ယောက်။ ဝူမင်နဲ့ရှောင်းဟန်။ 

"မင်းဘာတွေလုပ်နေတာလဲ" - ဝူမင်သည် သူ့ကိုယ်သူ မယုံနိုင်ဖြစ်လို့နေကာ သူ့ညီရဲ့ အကြည့်များကြောင့်လည်း တုန်တက်သွားသည်။

"ကျွန်တော် ယွီဖေးကို လက်ဆောင်ပေးမလို့ လုပ်နေတာ"

"ဘာပြောတယ်?" - ရှောင်ကျန့်အနေနဲ့ ဒီလူကို ဝမ်ဖေးလွှတ်လိုက်မှန်း သိပြီးသား။ ဒါပေမယ့် မင်ကောကတော့ တော်တော်လေး အံ့ဩသွားသည်။

The 7th Prince (Yizhan)Where stories live. Discover now