Part 14-ရှုပ်ခဲ့တာလား။

29.5K 3.5K 60
                                    

Unicode

"ပြန်လာပြီလား" ဒန်နီရယ်ကအယ်လ်ဖာအလုပ်ကပြန်လာတာကိုတွေ့တော့ လောင်ထရန်းရဲ့လက်မောင်းတွေကြားထဲကိုခုန်ဝင်တယ်။ညင်သာစွာပဲ လောင်ထရန်းကသူ့ကိုပွေ့ဖက်ထားပေးတယ်။

"ကိုယ်ပြန်လာပြီ။စာမေးပွဲဖြေနိုင်ရဲ့လား။"

"ဖြေနိုင်ပါတယ်။အောင်နိုင်ချေ၉၀%ရှိတယ်။ကျွန်တော့်အတွက်ခက်ခဲတဲ့မေးခွန်းတွေပါပေမဲ့ ကျွန်တော်အောင်ရင်အားလုံးအဆင်ပြေပါပြီ။" ဒန်နီရယ်ကစိတ်အားထက်သန်စွာပြောတယ်။

"ဟမ်း ၊ကောင်းတယ်။ဂုဏ်ပြုတဲ့အနေနဲ့ညစာထွက်စားကြရအောင်။"

"ဟုတ်ပြီ။ကျွန်တော်တို့ဘာစားကြမလဲ။ကျွန်တော်အပြင်မထွက်တာ ရက်သတ္တပတ် အနည်းငယ်လောက်ရှိပြီ။ကျွန်တော်တွေးနေတာ ဗိုက်ကဒီလောက်ပူနေတာအဆင်ပြေပါ့မလား။" ဒန်နီရယ်ကစိုးရိမ်စွာပြောတယ်။သူသိတဲ့တစ်ယောက်ယောက်သူ့ကိုမြင်မှာကြောက်နေတာ။

သူနဲ့လောင်ထရန်းကလက်ရှိလူမသိအောင်တွဲနေတာ။အဲ့တော့သူတို့အပြင်သွားလို့ သူတို့နှစ်ယောက်အတူရှိနေတာကိုတွေ့ရင် မကောင်းတဲ့သတင်းတွေထွက်လာပြီး သူ့ရဲ့ဂုဏ်သတင်းကအရင်ကထက်ပိုဆိုးလာလိမ့်မယ်။အဲ့ဒါကလောင်ထရန်းကိုလည်းထိခိုက်လိမ့်မယ်။ဒန်နီရယ်ကစိတ်ပူနေပေမဲ့ ပြန်စဉ်းစားကြည့်ရင်လည်း ဒါကသူနဲ့အယ်လ်ဖာရဲ့ပထမဆုံးဒိတ်လေ။

"ဘယ်သူမှမင်းကိုထိခိုက်ဖို့ကိုယ်ခွင့်မပြုဘူး။"လောင်ထရန်းကဒန်နီရယ်ရဲ့စိတ်ပူပန်မှုတွေလျော့သွားအောင်ပွေ့ဖက်လိုက်တယ်။

"ကောင်းပါပြီ။" အယ်လ်ဖာရဲ့သေချာတဲ့စကားကိုကြားပြီး ဒန်နီရယ် ချက်ချင်းပဲ သဘောတူလိုက်တယ်။လောင်ထရန်းအဲ့လိုပြောတဲ့အတွက် သူအဆင်ပြေသွားမှာပါ။

မသွားခင်မှာ လောင်ထရန်းကသာမန်ပေါ့ပါးတဲ့ဝတ်စုံကိုလဲဝတ်လိုက်ပြီးတော့ ဒန်နီရယ်ကကိုယ်ဝန်ဆောင်အင်္ကျီ၊ဘောင်းဘီနဲ့ အပေါ်အင်္ကျီ jacketကိုဝတ်လိုက်တယ်။ကိုယ်ဝန်ဆောင်အင်္ကျီကြောင့်ဒန်နီရယ်ရဲ့စူထွက်နေတဲ့ဗိုက်ကအရင်ကလောက်မသိသာတော့ဘူး။

ချစ်တတ်လွန်းသောအယ်လ်ဖာ [Myanmar Translation-Book 1]Where stories live. Discover now