Unicode
ရှောပင်းမောကိုသွားနေတဲ့လမ်းမှာ ဒန်နီရယ်က အမျိုးသမီးနှစ်ယောက်အဝတ်အစားနဲ့လက်ဝတ်ရတနာအကြောင်းတွေပြောနေတာကို ပျော်ရွှင်စွာနားထောင်နေတယ်။သူ့အမေကစကားပြောဖော်တစ်ယောက်ရသွားတဲ့အတွက် ဒန်နီရယ်ကစိတ်သက်သာရာရပြီးဝမ်းသာတယ်။တကယ်တော့မစ္စစစ်လိုပက်ဇ်ကတသီးတသန့်နေတတ်တဲ့လူ။အဲ့ဒါကြောင့်သူမကဒန်နီရယ်နဲ့အရမ်းရင်းနှီးတာ။ဘာလို့လဲဆိုတော့ သူမကအချိန်တွေအကုန်လုံးကိုသူ့ကိုပြုစုပျိုးထောင်ရင်းကုန်ဆုံးခဲ့တာလေ။
အခုသူမကစကားပြောရတာကြိုက်တဲ့မစ္စစစ်လော်ရာမိုနဲ့ခင်မင်သွားပြီ။သူမတို့နှစ်ယောက်ကတွေ့တာ၁ရက်လောက်ပဲရှိသေးပေမဲ့ နှစ်ယောက်ကအချိန်အကြာကြီးခင်မင်ခဲ့ကြတဲ့သူတွေလိုမျိုးပဲ။အံ့ဩစရာကောင်းတာက သူမတို့နှစ်ယောက်ကစရိုက်မတူပေမဲ့ တခြားတူတာတွေအများကြီးရှိတဲ့အတွက် သူငယ်ချင်းမြန်မြန်ဖြစ်သွားခဲ့တာ။
"ဟုတ်တယ် သားလေး။ဒိုင်ယန်းဆီကကြားတာ သားကမကြာခင်အသက်၂၀ပြည့်တော့မှာဆို။အမေတို့မွေးနေ့ပွဲခမ်းခမ်းနားနားကျင်းပဖို့စီစဉ်နေတယ်။ပြီးတော့ သားနဲ့လောင်ထရန်းရဲ့ဆက်ဆံရေးကိုလည်းချပြကြရအောင်လေ။" လော်ရာမိုကစိတ်လှုပ်ရှားစွာပြောတယ်။
'ဒန်နီရယ်က၂၀ပြည့်ပြီဆိုတော့ ဖိုးဖိုးဆူလန်လည်းသဘောမတူဘဲမနေလောက်ပါဘူး၊ဒါကလက်ထပ်လို့ကောင်းတဲ့အရွယ်ပဲဟာကို။' လော်ရာမိုကတွေးလိုက်တယ်။"ဟု-ဟုတ်ကဲ့။" မစ္စစစ်မိုပြောတာလည်းကြားရော ဒန်နီရယ်ကမသိစိတ်ကြောင့်ဘေဘီမင်မင်လေးကိုပိုမိုတင်းကျပ်အောင်ပွေ့ဖက်လိုက်တယ်။မနေ့ညတုန်းကဒန်နီရယ်နဲ့လောင်ထရန်းအဲ့ကိစ္စကိုဆွေးနွေးပြီးသွားပြီ။သူတို့ဆက်ဆံရေးကိုထပ်ပြီးဖုံးကွယ်ထားစရာ အကြောင်းအရင်းမရှိတော့တဲ့အတွက် ဒန်နီရယ်ကသဘောတူလိုက်တယ်။သူနဲ့မင်မင်လေးကို ဘာပဲဖြစ်ဖြစ်လောင်ထရန်းကကာကွယ်ပေးမယ်ဆိုတာ ဒန်နီရယ်ကယုံကြည်တယ်။
"စိတ်လှုပ်ရှားစရာမလိုပါဘူးသားလေး။အမေတို့ဒီလိုလုပ်ဖို့ဆုံးဖြတ်လိုက်တာက အရင်ကလိုကောလဟလတွေအနာဂတ်မှာထပ်မထွက်တော့အောင်ပါ။သားကအခုလောင်ထရန်းရဲ့ဇနီးဖြစ်နေပြီလေ။သူ့ကိုဇီးကွက်တွေရဲ့မျက်လုံးကနေဝေးအောင်ထားရမဲ့တာဝန် သားမှာရှိနေပြီ။" မစ္စစစ်မိုရဲ့စကားကတစ်ခုခုကိုရည်ညွှန်းနေတယ်။သူမက မိုလောင်ထရန်းကဘယ်တော့မှသစ္စာမဖောက်ဘူးဆိုတာသိပေမဲ့ ယုံကြည်ချက်လွန်ကဲနေလို့လဲကောင်းတာမရှိဘူးလေ။
YOU ARE READING
ချစ်တတ်လွန်းသောအယ်လ်ဖာ [Myanmar Translation-Book 1]
RomanceAll credits go to original writer @lesson101.I am just a translator of this novel. မူရင်းရေးသားသူဆီက ခွင့်ပြုချက်ရထားသည်။ Book 1-Doted by the Alpha(ချစ်တတ်လွန်းသောအယ်လ်ဖာ) [total 80 parts completed] Book 2-My Husband is a Mafia Boss(ငါ့ယောကျာ်းကမာဖီ...