Unicode
ရှောပင်းမောကမတော်တဆဖြစ်ပြီးတာ ဒီနေ့နဲ့ဆို၄ရက်ရှိပြီ။ဂျော့ဂျ်ဆူလန်က ရွေးချယ်စရာမရှိဘဲ ကျန်းမာရေးမကောင်းဘူးဆိုတဲ့အကြောင်းပြချက်ပေးပြီး ဆူဆန်ဆူလန်ကို ထောင်ထဲကနေထုတ်ခဲ့တယ်။သူ့မိန်းမရဲ့စိတ်ကျန်းမာရေးအခြေအနေကလည်း ထောင်ထဲမှာနေပြီးပိုဆိုးလာတယ်။ထောင်ထဲကထုတ်ဖို့ တခြားနည်းလမ်းမရှိတဲ့အတွက် ဂျော့ဂျ်က သူ့မိန်းမရဲ့ဆေးမှတ်တမ်းကိုထုတ်ပြလိုက်ရတယ်။သူမိန်းမက အသက်၁၁နှစ်အရွယ်ထဲက သံသယလွန်ကဲတဲ့ရောဂါခံစားနေရကြောင်းကိုပေါ့။ဆေးမှတ်တမ်းပြလိုက်တော့ အထူးcaseအနေနဲ့ ဂျော့ဂျ်ဆူလန်ကို သူ့မိန်းမကို စိတ်ကျန်းမာရေးဆေးရုံကိုခေါ်သွားခွင့်ပေးလိုက်တယ်။
ဂျော့ဂျ်ဆူလန်က သူ့မိန်းမမှာစိတ်ရောဂါအခံရှိတဲ့အကြောင်း ဘယ်သူ့ကိုမှပေးမသိချင်ဘူး။ရိုးရိုးသားသားပြောရမယ်ဆိုရင် သူတောင်လက်မထပ်ခင်တုန်းကမသိခဲ့ဘူး။အမြွှာလေးတွေကို ကိုယ်ဝန်ရှိတော့မှ ရောဂါပြန်ဖောက်လာလို့ အဲ့တော့မှသိခဲ့ရတာ။သူသာသိခဲ့မယ်ဆိုရင် မတူညီတဲ့ဆုံးဖြတ်ချက်မျိုးချရင်ချခဲ့မှာပေါ့။သူ ဆူဆန်ကို လက်မထပ်ခဲ့ဘူးပေါ့။
"အဖေ ဆူဆန်က သူမကိုယ်တိုင်ဘာလုပ်မိမှန်းတောင် သိတာမဟုတ်ပါဘူး။သူမက ဒန်နီရယ်လာ အတွက်စိုးရိမ်နေခဲ့တာ။" ဂျော့ဂျ်က သူ့အဖေကိုရှင်းပြတယ်။သူ့အဖေက သူနဲ့သူ့မိန်းမကို ဆူလန်စံအိမ်ကနေ ပြောင်းရွှေ့ခိုင်းမယ်လို့ မထင်ထားဘူး။သူ့အကိုကြီးရဲ့မိန်းမကသေပြီဆိုတော့ ဆူလန်မိသားစုမှာ ဆူဆန်ကတစ်ဦးတည်းသော ချွေးမပဲ။ဆူဆန်သာ ဒီကိစ္စကိုသိရင် တကယ်ရူးသွားလောက်တယ်။
"ငါစကားအကုန်ပြောပြီးသွားပြီ။ဒန်နီရယ်နဲ့မရှင်းဘူးဆိုရင် သူမကိုဒီမှာပေးမနေနိုင်ဘူး။ဒန်နီရယ်က ဒီကိစ္စကိုကြီးကြီးကျယ်ကျယ်မလုပ်ဖို့ မိုလောင်ထရန်းကိုပြောလိုက်တာကိုပဲ မင်းကျေးဇူးတင်သင့်တယ်။" ဖိုးဖိုးဆူလန်ကပြောတယ်။ဒေါသကသူ့အသံမှာထင်ဟပ်နေတယ်။လက်နှစ်ဖက်ကိုနောက်ပစ်လိုက်ပြီး သူ့သားအငယ်ကိုမျက်နှာချင်းဆိုင်လိုက်တယ်။ဒီအခြေအနေအတွက် စိတ်မကောင်းမဖြစ်ဖို့ ဖိုးဖိုးဆူလန်ကကြိုးစားနေရတယ်။လွန်ခဲ့တဲ့၃ရက် မိုချန်တုံးဆီကဒီသတင်းကိုကြားကြားချင်းမှာ နှလုံးရောဂါထဖောက်တော့မလိုတောင်ဖြစ်ခဲ့သေးတယ်။သူ့ချွေးမဖြစ်သူက သူမရဲ့သားအရင်းကိုအဲ့လိုမျိုးဆက်ဆံနိုင်လဲဆိုတာ သူဘယ်လိုမှစဉ်းစားလို့မရတော့ဘူး။
YOU ARE READING
ချစ်တတ်လွန်းသောအယ်လ်ဖာ [Myanmar Translation-Book 1]
RomanceAll credits go to original writer @lesson101.I am just a translator of this novel. မူရင်းရေးသားသူဆီက ခွင့်ပြုချက်ရထားသည်။ Book 1-Doted by the Alpha(ချစ်တတ်လွန်းသောအယ်လ်ဖာ) [total 80 parts completed] Book 2-My Husband is a Mafia Boss(ငါ့ယောကျာ်းကမာဖီ...