Part 33-သနားညှာတာခြင်းကင်းမဲ့တယ်။

19.6K 2.7K 72
                                    

Unicode

လောင်ထရန်းက အရင်အပတ်ကကုမ္ပဏီပရောဂျက်အတွက်အစည်းအဝေးလုပ်နေတာ။ဒါပေမဲ့ ထရန်းဇီရဲ့နာမည်ကိုဖုန်းပေါ်မှာတွေ့လိုက်ရတဲ့အခါမှာ ပရောဂျက်မန်နေဂျာကိုတင်ပြနေတာရပ်ပြီး ၅မိနစ်နားဖို့ လက်မြှောက်ပြီးအချက်ပြလိုက်တယ်။

"ဘာရှာတွေ့ထားလဲ။" လောင်ထရန်းကအစည်းအဝေးခန်းထဲကနေသူ့ရုံးခန်းဆီကိုလမ်းလျှောက်သွားရင်း မေးတယ်။

"အင်း။ရှာတွေ့ပြီးတော့ သူမကမိန်းကလေးဆိုတာ ကျွန်တော်ယုံတောင်မယုံနိုင်တော့ဘူး။ဒီပုံတွေကိုအကိုကြီးမြင်ချင်မှာတောင်မဟုတ်ဘူး။" သူဟက်ပြီး ကွန်ပျူတာမှာပြန်ရှာယူထားတဲ့ဓာတ်ပုံတစ်ချို့၊အီးမေးလ်နဲ့စာတွေကိုကြည့်ပြီး ထရန်းဇီကပြောတယ်။

"သူမကအကိုကြီးရဲ့ယောကျာ်းကိုသတ်ဖို့ကြံစည်နေခဲ့တာ သူတို့၁၅နှစ်အရွယ်ကတည်းကပဲ။ကျွန်တော်ယုံတောင်မယုံနိုင်ဘူး။ကျွန်တော်၁၅နှစ်အရွယ်တုန်းကဆိုဗီဒီယိုဂိမ်းပဲကစားနေခဲ့တာ။" ထရန်းဇီကဆက်ပြောတယ်။

အခုတောင်ကျောင်းသွားချင်တဲ့အခါမှသွားပြီး ဂိမ်းကစားနေတုန်းပဲ။သူကျောင်းထုတ်မခံရသေးတာပဲအံ့ဩစရာကြီး။ကျောင်းထုတ်ခံရမယ်ဆိုရင်တောင် အကြီးအကဲမိုနဲ့ မစ္စစစ်မိုကသူ့ကိုကူညီမှာမဟုတ်ဘူး။လုံးဝပဲ။ဒါပေမဲ့အံ့အားသင့်စရာကောင်းတာက သူ့ရဲ့အမှတ်တွေကချာတူးလန်နေပေမဲ့ အခုချိန်ထိကျောင်းထုတ်မခံရသေးဘူး။

"အသေးစိတ်အချက်အလက်တွေကိုငါ့ဆီပို့လိုက်။"

"ဟုတ်ပြီ။အခုပို့လိုက်မယ်။ကိုယ့်ကိုယ်ကိုပြင်ဆင်ပြီး ပြီးတော့ကတိကိုလည်းမမေ့နဲ့ဦး။"

ထရန်းဇီကသူ့ရဲ့ကွန်ပျူတာမောက်စ်ကိုတစ်ချက် နှစ်ချက်နှိပ်လိုက်ပြီး မတ်တပ်ထပြီးခန္ဓာကိုယ်ကိုဆန့်လိုက်တယ်။သူ့ရဲ့ကားသစ်ကြီးကိုမောင်းဖို့မစောင့်နိုင်တော့ဘူး။သူ့အကိုကြီးကိုကူညီတဲ့နေရာမှာတစ်ခုခုပြန်တောင်းဖို့အစီအစဉ်မရှိပေမဲ့ လောင်ထရန်းကသူ့ကိုစျေးကွက်ထဲကနောက်ဆုံးပေါ်ပြိုင်ကားဝယ်ပေးမယ်လို့ကတိပေးတော့ သူချက်ချင်းသဘောတူလိုက်တယ်။

ချစ်တတ်လွန်းသောအယ်လ်ဖာ [Myanmar Translation-Book 1]Where stories live. Discover now