epilogue ( Zawgyi+Unicode )

5.3K 416 18
                                    

Zawgyi

နောက်ဆုံးတော့ Jungkook နဲ့ Jiminရဲ့ မင်္ဂလာပွဲနေ့ကို ရောက်ရှိလာခဲ့ပြီဖြစ်သည်
အားလုံးက‌လည်း ဒီနေ့ ရောက်ဖို့ကို စိတ်စောနေကြသည်  ခန်းမရဲ့ရှေ့မှာ ဒီစုံတွဲရဲ့ အရိုအသေပေးတာကို စောင့်ဆိုင်းနေကြပြီဖြစ်သည်

ဒီမင်္ဂလာစုံတွဲအသစ်လေးကို လာတဲ့ဧည့်သည်အားလုံးကလည်း ဆုမွန်ကောင်းတွေ ပေးကြသည်

မိသားစုဓာတ်ပုံ‌ရိုက်ဖို့ နှစ်ဖက်မိဘတွေက ဘေးတစ်ဖက်တစ်ချက်မှာ ရပ်နေကြသည် အလယ်ကတော့ စုံတွဲ‌ဖြစ်တဲ့ Jungkookနဲ့ Jimin တို့ပေါ့

အံ့ဩစရာက Anastasiaကို မင်္ဂလာပွဲကို ဖိတ်ထားသေးသည် သူက Miaလေးကိုတော့ သေချာဂရုစိုက်ပေးသည် ... သူလည်း တော်တော်ကို ပြောင်းလဲသွားပြီ အရင်လို မဟုတ်တော့ဘူး Miaလေးကိုလည်း Anastasiaက သူနဲ့အတူ စင်ကာပူကို ခေါ်သွားမည်ဖြစ်ရာ Jungkookကလည်း သဘောတူသည်
ဘာကြောင့်လဲဆိုတော့ စင်ကာပူက ကျောင်းတွေက ကိုရီးယားနိုင်ငံထက် ပိုအသင်အပြကောင်းတယ်လေ...

ပွဲပြီး‌တော့ Jungkook နဲ့ Jiminက after partyအတွက် ပေါ့ပေါ့ပါးပါး အဝတ်အစားလဲလိုက်ကြသည်
Jiminကတော့ ပွဲတုန်းက ဝတ်ထားတဲ့ သူတို့ဝတ်စုံတွေကို သေချာခေါက်ပြီး အိတ်ထဲ စနစ်တကျထည့်နေလေသည်

ထိုအချိန် နွေးထွေးတဲ့လက်တစ်စုံက ခါးတစ်ဝိုက်ပေါ် ရောက်လာလေသည်
ပြီးတော့ Jiminရဲ့ လည်ပင်းထက်ကို အနမ်းလေးတွေခြွေနေသည်
လည်ပင်းကနေ မေးရိုးထက်၊ မေရိုးထက်ကနေ နားထက်

" ဘာဖြစ်ပြန်တာလဲ Jeon Jungkook "

အဝတ်ခေါက်နေရင်း နောက်က Jungkookကို လှမ်းမေးလိုက်သည်

" ဟိုဟာလေ ဟိုဟာ- သိတယ်မလား လုပ်ချင်လား "

" ငါ ခဏနေ လမ်းလေးတော့ ကောင်းကောင်းလျှောက်ချင်သေးတယ် မစ္စတာJeon Jungkook "

" ဒါပေမယ့် ကိုယ်က ရ တော့ ဘူးး ကွာ "

Jiminရဲ့လည်ပင်းကို ဇွတ်အတင်းဖက်ထားပြီး ပူဆာနေသည်

" ဆောရီးပါ ဘေဘီရေ... ညရောက်တဲ့ထိတော့ သည်းခံလိုက်ဦး "

ထိုသို့‌ပြောပြီး Jungkookရဲ့နှာခေါင်းလေးကို ဖွဖွလေး ဆွဲညှစ်လိုက်သည်

Hey You...Where stories live. Discover now