Lunchbox(Zawgyi+Unicode)

4.1K 497 6
                                    

Zawgyi

အိပ်ရာကနေ ဒယိမ်းဒယိုင်ထလိုက်တော့ ခြေထောက်နဲ့ အေးစက်နေတဲ့ ကြမ်းပြင်ကို ထိတွေ့မိသည်
အိပ်လို့လည်း မရတော့တာမို့ နွားနို့ပူပူလေးတစ်ခွက် သောက်ဖို့ တွေးလိုက်မိတယ်
ဒါနဲ့ Jiminလှေကားနားရောက်တော့ ဝရန်တာဘက်က ရှိုက်သံကြားလိုက်ရသည်
အသံလာရာကို သွားကြည့်လိုက်မိတော့ တွေ့လိုက်ရတာက ထိုင်လျက်သားနဲ့ ဒူးနှစ်ဖက်ကို ဖက်ကာ ငိုနေတဲ့မိန်းမတစ်ယောက်

" ဟေး အဆင်ပြေရဲ့လား "

အနားကိုသွားပြီးမေးလိုက်တော့ အသံကြားရာကို မော့ကြည့်လာတဲ့ ထိုမိန်းမ

" Anastasia.. ဒီအချိန်ကြီးကို ဒီမှာ ဘာလုပ်နေတာလဲ "

ပြောရင်းနဲ့ ဘေးနားကို ဝင်ထိုင်လိုက်သည်

" ငါမသိဘူး "

ငိုနေရာကနေ ရှိုက်ကာ သူ ပြန်ဖြေလာသည်

သူများ အားငယ်နေရင် အားပေးတတ်တာက ဝါသနာကြီးတစ်ခုလို အကျင့်ကြီးတစ်ခုလိုဖြစ်နေတဲ့ Jiminအဖို့ ထိုမိန်းမရဲ့ ပခုံးကို ခပ်ဖွဖွလေး ပုတ်ပေးလိုက်သည်
ငိုသံ ရပ်သွားတဲ့ အချိန်မှ

" အဆင်ပြေသွားပြီလား "

တစ်ဖက်က မိန်းမက ခေါင်းညိမ့်ပြပြီး မျက်နှာပေါ်ကျနေတဲ့ ဆံနွယ်တွေကို သပ်နေသည်

" ဘာဖြစ်နေတာလဲဆိုတာပြောပြလေ .. ဒါမှ ငါ ကူညီနိုင်မလားဆိုတာ သိအောင် "

တစ်ဖက်က မိန်းမက သက်ပြင်းရှည်ရှည်ချကာ

" ငါ ... ငါ့ချစ်သူနဲ့ လမ်းခွဲလိုက်ပြီ "

" မင်းမှာ ချစ်သူရှိတယ်‌? "

အံ့ဩမှုကြောင့် အသံနည်းနည်းကျယ်သွားသည်

" ဟုတ်တယ်... ဒါပေမယ့် Jungkookပြီးရင် သူက ငါ့အတွက် ‌ကောင်းတဲ့လူလို့ထင်ခဲ့တယ် ဒါပေမယ့်- "
ပြောနေရင်း မျက်ဝန်းထဲက မျက်ရည်တွေက အဆက်မပြတ် ကျဆင်းလာသေးသည်
" သူက ငါ့ကို အသုံးချခဲ့တာ.. သူ ပိုက်ဆံရဖို့အတွက် အသုံးချခဲ့တာ "

" အဲဒါကြောင့် ဒီမှာ ရှိနေတာပေါ့လေ "

Jiminရဲ့ ထိမိတဲ့စကားကြောင့် ထိုမိန်းမ လန့်ပြီး ခေါင်းခါသည်

Hey You...Where stories live. Discover now