Zawgyi
Jeon ပို့ဆောင်ရေး စီမံကိန်း company နဲ့ Yes Jam အာမခံ companyတို့ ပူးပေါင်းပြီး Golden Closet စီမံကိန်း company ဆိုပြီး ပူးပေါင်းတဲ့ နေ့ရက် ရောက်ရှိလာပြီပဲ....
ဒါကြောင့်လည်း Jiminတစ်ယောက် အစောကြီးထပြီး ပွဲတက်ဖို့ ၀တ်စုံပြင်ဆင်နေလေသည်....
တော်ဝင်မင်းသားတစ်ပါးအလား...
အ၀တ်အစားထားသော closetတွေဆိုတာလည်း မနည်းပေ
ဒီလို ကြီးမားတဲ့အိမ်ကြီးမှာ တစ်ယောက်တည်းနေရတဲ့အချိန်တွေက အထီးကျန်ဆန်ပေမယ့်လည်း အဆောက်အအုံတစ်ခုလုံးကို မိမိကြိုက်သလို နန်းတော်ကြီးအလား ပြင်ဆင်ထားသည့်အတွက်လည်း မိမိဘာသာ အားရမိသည်...ပုံမှန်ရက်တွေထက် စောကာ အိမ်က ထွက်လာခဲ့သည်
မိမိ အနှစ်သက်ဆုံး Maserati sPa ကား ကိုမောင်းရင်း အခမ်းအနား ကျင်းပမယ့် အဆောက်အအုံဆီကို ဦးတည်လိုက်လေသည်...ကားရပ်ကာ ကားသော့ကို လုံခြုံရေးဆီပစ်ပေးလိုက်လေသည်...
မိမိရဲ့ favကားကို သေချာ parking ထိုးပေးလိမ့်မည်လို့ မျှော်လင့်ရင်း...ထိုအချိန်မှာ မိမိကားနောက်မှာ နောက်ကားတစ်စီး ဆိုက်ရောက်လာလေသည်...
ဘယ်သူရှိရမှာလဲ...
CEO Jeon Jungkook သည်သာ..." မင်္ဂလာမနက်ခင်းပါ ဧရာမmonster! "
Jiminက စိတ်လှုပ်ရှားစွာ လက်ပြရင်း ပြောသည်..
ထိုရဲ့ အကျိုးဆက်ကတော့ အခမ်းအနားအတွက်lobbyမှာ စောင့်နေတဲ့ သတင်းထောက်တွေရဲ့ အာရုံကို ရရှိလေသည်...
ကင်မရာများ တရမ်းရမ်းနဲ့ ဒီနေ့ပွဲရဲ့ အရေးကြီးဆုံးလူ၂ဦးဆီသို့ ဦးတည်လာလေသည်...
Jungkook လည်း အလှဆုံပြုံးနိုင်အောင် မိမိကိုယ်ကို တွန်းအားပေးရင်း,
Jiminလည်း ထို့အတူပင် အလှပဆုံး eyesmileလေးကို ဆင်မြန်းရင်း...." ဒီနေ့ ကြည့်ကောင်းနေတယ်နော် Jungkook "
Jungkookဘေးနားကို ကပ်ကာ စိတ်ထဲက မပါဘဲ ချီးမွမ်းလိုက်လေသည်...
" မင်းရောပဲ "
ထိုသို့ Jungkookပြန်ပြောလိုက်တော့ Jiminသဘောကျစွာ ပြုံးလေသည်...
ဒီလိုနဲ့ နှစ်ဦးလုံး ဓာတ်လှေကားဆီသို့ လျှောက်လှမ်းလာလေသည်...
များစွာသော သတင်းထောက်များရဲ့ မေးခွန်းကို ရှောင်လွဲရင်း.....
YOU ARE READING
Hey You...
Romance*MYANMAR TRANSLATION* ! I don't own the plot ! full credit to the author nim👇 @Jikookcaramel