Zawgyi
Golden Closet CEOဖြစ်သူရဲ့ ဆွေးနွေးပွဲ အလျင်အမြန် ပြုလုပ်မည်ဆိုတာကြောင့် company က ဝန်ထမ်းများအားလုံးလည်း hallခန်းထဲ ရောက်နေလေပြီ
အဓိက အချက်အချာကျတဲ့ သတင်းmediaက သတင်းထောက်တွေအားလုံးကိုလည်း ချက်ချင်းဆိုသလို ဖိတ်ကြားထားသည်
CEO Jeonရဲ့ ရုတ်တရက် အလျင်စလို ဖိတ်ခေါ်မှုကြောင့် အားလုံးဟာလည်း ရှော့ရကုန်ကြသေးသည်
" မင်း ဘာတွေလုပ်ဖို့ စဉ်းစားနေတာလဲ, Jungkook "
Hallခန်းထဲ ဝင်ရန်ပြင်နေသော Jungkookရဲ့လက်မောင်းကို ဆွဲကိုင်ကာ မေးလာသော Jimin
" လူ့အဖွဲ့အစည်းက ငါတို့ဆီက အဖြေ လိုအပ်နေမယ် မထင်ဘူးလား ငါတို့ အဖေတွေရောပဲလေ... အဲဒီတော့ Jimin,
ငါတို့ ကိစ္စတွေကို ဖုံးကွယ်ထားတာထက် စာရင် ပိုကြီးအောင် လုပ်ကြရင် မကောင်းဘူးလား "လက်မောင်းပေါ် ရောက်ရှိနေသော Jiminရဲ့လက်တစ်စုံကို အုပ်ကိုင်ကာ မေးလာသော Jungkook
" ဘာကိုဆိုလိုချင်တာလဲ "
" ဆွေးနွေးပွဲကို ဒီတိုင်း ငါနဲ့အတူ လိုက်တက်..
ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဘာတစ်ခွန်းမှသာ မဟနဲ့,
အိုကေ? "လှပသော အပြုံးဖြင့် အခိုင်အမာပြောလာသည်
ငါ ဒီအရာတွေ လုပ်နေတာ အားလုံး မင်းအတွက်ပဲ
Jiminရဲ့လက်ကို ဆွဲကိုင်ကာ လက်ချင်းယှက်လိုက်ပြီး
" ငါ အခုလိုလုပ်ဖို့ လိုအပ်လို့ "
ဒီလိုနဲ့ hallခန်းထဲရောက်တော့
Jungkookကတော့ သူ မျှော်လင့်ထားသော ကစားပွဲကို စတင်တော့မယ့်အချိန်
Jiminကတော့ အခုချိန်ထိ Jungkookလုပ်သမျှကို လက်ခံနေမိလို့ မိမိကိုယ်ကို ပြန်လည်မေးခွန်းထုတ်နေမိသည်CEOနှစ်ယောက်လူံးနေရာယူပြီးသည်နှင့် ကင်မရာများရဲ့ တဖြတ်ဖြတ်အသံများ
" အားလုံးကို အခုလို အလျင်စလို လာခိုင်းမိလို့ တောင်းပန်ပါတယ် "
ထိုသို့ပြောကာ Jungkook ခံတွင်းတစ်ချက်ရှင်းလိုက်ပြီး
" ကျွန်တော် အခုလို ဆွေးနွေးပွဲကျင်းပရတဲ့အကြောင်းအရင်းက တစ်ကမ္ဘာလုံးကို ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ကို သိစေချင်လို့ အဲ.. ဒါမှမဟုတ် ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်လို့ ပြောသင့်သလား "
YOU ARE READING
Hey You...
Romance*MYANMAR TRANSLATION* ! I don't own the plot ! full credit to the author nim👇 @Jikookcaramel