( 7 )

2.9K 350 9
                                    

[Unicode]
စာလွှာပါအကြောင်းအရာကို ကြားပြီးတဲ့နောက် တာ့ရှန်းမင်းသမီးရဲ့ မျက်နှာကို တစ်ချိန်လုံးပလ္လင်ပေါ်ကနေ မသိမသာအကဲခတ်နေတဲ့ ကျန့်က မျက်နှာအမူအယာ ပျက်သွားတာကို သတိထားမိလိုက်တယ်။နောက်ပြီး ကျန့်မြင်တာမမှားဘူးဆို တစ်ချိန်လုံးတည်ငြိမ်စွာထိုင်နေတဲ့ ဦးရီးတော်လည်း တာ့ရီရှန်းစန်းကို လှမ်းကြည့်လိုက်သလို။မျက်နှာပျက်သွားတာကိုရော။ဆက်စပ်ကြည့်ပြီးတဲ့နောက် ကျန့်အံ့ဩသွားတယ်။ မဟုတ်မှလွဲ တာ့ရီရှန်းစန်းရဲ့ ချစ်ရသူက သူ့မွေးစားဖခင် ချန်ဦးရီးတော်များလား။

တာ့ရီရှန်းစန်းစာလွှာကို ကြားပြီးတဲ့နောက်မှာ မျက်နှာပျက်မိသွားတယ်။ ရင်ထဲလည်းတင်းကနဲ။  ခမည်းတော်တာ့ရှန်းဘုရင်  ဝမ်ပြည်ထောင်ကို ထည့်လိုက်တုန်းက သူမရဲ့ချစ်ရသူနဲ့ တွေ့ဆုံဖို့ရာ ပျော်ရွှင်နေခဲ့မိတဲ့သူမက အရူးတစ်ယောက်လို။ခမည်းတော်ဘုရင်က သိပ်လှည့်စားတတ်ပေပါလား။ချစ်ရသူကတော့ မသိကျေးကျွန်ပြုနေနိုင်ပေမဲ့လို့ သူမစိတ်ထဲ ပူလောင်နေတယ်။သူမသာ ဝမ်မင်းကြီးကို အကယ်၍ တကယ်လက်ထပ်လိုက်ရလျှင်ရော။ချစ်ရသူမဟုတ်ပဲ အခြားသူနှင့် သူမဘဝကို မကုန်ဆုံးနိုင်။

ကျန့်တောင်စဥ်ရေမရ အတွေးတွေကို လွှတ်ချလိုက်ပြီး ရှေ့မှာချထားတဲ့ သေရည်ခွက်ထဲက မက်မွန်ဝိုင်ကို သောက်လိုက်မိတယ်။မက်မွန်ရနံ့ရလျှင်တောင် ခန္ဓာကိုယ်တစ်ခုလုံး ယားယံလာတတ်သူက ယခုမူ မျက်လုံးတွေပြာဝေပြီး ခေါင်းထဲမူးနောက်လာတယ်။သက်သာလိုသက်သာငြား ထရပ်လိုက်ပြီး ဘေးနားက တစ်ခုခုကို လှမ်းဆွဲလို့ မှီဖို့ပြင်မိတယ်။မထင်မှတ်ပဲ သူသွားဆွဲမိတဲ့အရာက ဝမ်မင်းကြီးဝမ်ရိပေါ်ရဲ့ ဝတ်ရုံစဖြစ်နေတယ်။ကျန့်ဘာမှမတွေးနိုင်တော့ဘူး။ခေါင်းထဲမှာ ချာချာလည်နေပြီး တဆစ်ဆစ်ထိုးကိုက်နေတယ်။ပြာဝေနေတဲ့မျက်လုံးတွေကလည်း မမြင်နိုင်တော့ဘူး။နောက်ဆုံး ဝတ်ရုံစကိုလှမ်းဆွဲလို့ လှည့်ကြည့်လာတဲ့ ဝမ်မင်းကြီးရဲ့ ရင်ခွင်ထဲ လဲကျသွားတာပဲသိလိုက်တယ်။

ခန်းမတစ်ခုလုံး ချက်ချင်းတီးတိုးပြောသံတွေ၊ ကြင်ယာတော်ကိုကြည့်လို့ စိုးရိမ်နေကြသံတွေနဲ့ အသံပြည့်သွားတယ်။ဝမ်မင်းကြီးအနေနဲ့ တာ့ရီရှန်းစန်းကိုတောင် သတိမထားမိတော့ပဲ မေ့လဲသွားတဲ့ ကြင်ယာတော်ကို ပွေ့လို့ အနီးဆုံးနေရာဖြစ်တဲ့ နင်္ဂါးနန်းဆောင်ဆီ ဦးတည်သွားတယ်။ကျန်ခဲ့တာက သံတမန်တွေနဲ့ ဦးရီးတော်ချန်၊ နောက် တာ့ရီရှန်းစန်းနဲ့ အမတ်တစ်ယောက်။တာ့ရီရှန်းစန်းကို ဧည့်နန်းဆောင်မှာပဲ ယာယီနေထိုင်ဖို့ စီစဥ်ပေးပြီး သံတမန်တွေကိုလည်း နေထိုင်ရာအဆောင်အသီးသီးကို ပြန်လွှတ်လိုက်ရတယ်။ပြီးနောက် ချန်ဦးရီးတော်လည်းပဲ ကျန့်လေးရှိတဲ့ ဘုရင့်နန်းဆောင်ဆီ ပြေးရတော့တယ်။

𝙇𝙚𝙜𝙚𝙣𝙙 𝙊𝙛 𝙓𝙞𝙖𝙤..... Where stories live. Discover now