( 12 )

2.3K 289 6
                                    

ညီလာခံရဲ့ အဓိကဆွေးနွေးချက်တစ်ခုက အင်ပါယာ စစ်ပွဲအကြောင်းပဲဖြစ်တယ်။ ဝမ်အင်ပါယာရဲ့နယ်မြေက အိမ်နီးချင်းနိုင်ငံငယ်ကစလို့ အဆုံးမရှိကျယ်ပြန့်တယ်။ဒါကြောင့် လက်အောက်ခံနိုင်ငံတွေမှာ ပုန်ကန်မှုက ရှိစမြဲပဲ။နယ်စပ်မှာဖြစ်ပွဲနေတဲ့ အခြေအနေအရ ပုန်ကန်မှုက သီးခြားလူမျိုးစုတွေပါ ပါဝင်နေတာဖြစ်တယ်။အင်ပါယာရဲ့အဓိသော့ချက်ဖြစ်တဲ့ ဝမ်ပြည်ထောင်ကိုပြိုကွဲစေပြီး အင်ပါယာထဲပါဝင်နေတဲ့နိုင်ငံတွေကို သိမ်းပိုက်ချင်နေပုံရတယ်။

" ဒီစစ်ပွဲကို ဘယ်လိုအဆုံးသတ်ဖို့ မျှော်လင့်ထားကြလဲ "

မှူးမတ်တွေနဲ့ သေနာပတိတွေက မင်းအတိုင်ပင်ခံဖြစ်တဲ့ ချန်ဦးရီးတော်ဆီကိုပဲ အကြည့်တွေပို့လွှတ်နေတယ်။သူတို့အနေနဲ့ ချန်ဦးရီးတော်က နန်းတွင်းမှာ ဧကရာဇ်နဲ့မလျော့တမ်းအာဏာရှင်ဖြစ်တဲ့သူ ဖြစ်တာမို့ မနာလိုဝန်တိုစိတ်တွေတော့ အနည်းနဲ့အများရှိနေခဲ့တယ်။ဒီအခွင့်ရတုန်း ချန်ဦးရီးတော်ကို နယ်စပ်စေလွှတ်ပြီး သေသေရှင်ရှင်တိုက်ခိုင်းစေချင်ကြတယ်။

ချန်ဦးရီးတော်ရဲ့ မွေးစားသားဖြစ်တဲ့ ကြင်ယာတော်ဘွဲ့ခံ ရှောင်းကျန့်ကလည်း ဝမ်မင်းကြီးရဲ့ နန်းဆက်အလျောင်းအလျာကို မွေးဖွားပေးမဲ့သူဖြစ်တာမို့ ချန်ဦးရီးတော်က နောက်အသစ်တက်မဲ့ဧကရာဇ်လောင်းရဲ့ ဘိုးတော်အနေနဲ့ အာဏာကမလျော့စတမ်းတိုးပွားလာမှာဖြစ်တယ်။ဒါကိုသူတို့အနေနဲ့ လက်ပိုက်ကြည့်မနေနိုင်ဘူး။

" ချန်ဦးရီးတော်ဆီကိုပဲ လက်ညှိုးထိုးဖို့ မစဥ်းစားကြနဲ့။ ချန်ဦးရီးတော်ကို ဒီတစ်ခေါက်စစ်ပွဲမှာ လက်ရှောင်နေဖို့ သတ်မှတ်တယ်။ဒီတစ်ခေါက်စစ်ပွဲမှာ စစ်ရေးနဲ့ပတ်သက်တဲ့ အမတ်တွေရဲ့ ပညာအရည်အသွေးတွေကို ပြည့်ပြည့်ဝဝ ကိုယ်တော်မြင်ချင်တယ် နားလည်ကြလား!! "

""" နားလည်ပါတယ် ဧကရာဇ် """

" ကိုယ်တော့်ရဲ့ ကြင်ယာတော်ဆီမှာ နန်းသွေးလေးရှိနေမှန်း ကြားသိကြရောပေါ့ "

"" ဂုဏ်ယူပါတယ် ဧကရာဇ် ""

" ကိုယ်တော်ရဲ့နန်းသွေးရှိနေတဲ့ အထိမ်းအမှတ်နဲ့ လူသတ်မှုနဲ့ရာဇဝတ်ပြစ်မှုကြီးကြီးမားမားမရှိပဲ ထောင်ထဲမှာရှိနေတဲ့ သူတွေကို တရားသေလွှတ်ပေးမယ် နောက်ပြီး လျှိုအမတ်ရဲ့ သမီး လျှိုမိဖုရားကို နန်းဆောင်အကျယ်ချုပ်ကနေ ကင်းလွတ်ခွင့်ပေးတယ် "

𝙇𝙚𝙜𝙚𝙣𝙙 𝙊𝙛 𝙓𝙞𝙖𝙤..... Where stories live. Discover now