( 9 )

2.8K 336 11
                                    

" ကြင်ယာတော် "

" မင်းသမီး "

ဥယျာဉ်တော်အတွင်းက လေသာဆောင်မှာ ဗျပ်စောင်းတီးခပ်နေတဲ့ ကြင်ယာတော်လေးနဲ့ လေသာဆောင်အတွင်း ဝင်ရောက်လာတဲ့ တာ့ရီရှန်းစန်း။တစ်ပတ်အတွင်း တာ့ရီရှန်းစန်းအနေနဲ့ ကြင်ယာတော်လေးနဲ့ ရင်းနှီးလာပြီဖြစ်တယ်။သိပ်လှတဲ့ ကြင်ယာတော်က ချန်ဦးရီးတော်ရဲ့ မွေးစားကလေးဆိုပေမဲ့ ချန်ဦးရီးတော်လို သိမ်မွေ့ပြီး စိတ်သဘောထားနူးညံ့တယ်။နန်းတွင်းမှာ နေရတဲ့ ရက်တွေကလည်း သိပ်မဆိုးလှပါဘူး။အထူးသဖြင့် ကြင်ယာတော်ရှိလို့ သိပ်အထီးမကျန်သလို ခံစားရတယ်။ကြင်ယာတော်ကို သူ့မောင်လေးလို ချစ်ခင်မိတယ်။

" ကြင်ယာတော် ပျင်းလို့ ဗျပ်စောင်းတီးနေတာလား "

" အဲ့လိုတော့လဲ မဟုတ်ပါဘူး။ဒီလိုပဲ ဒီကြင်ယာတော်က သံစဥ်လေးတွေ စပ်ကြည့်နေတာပါ "

" ကြင်ယာတော်က တာ့ရှန်းပြည်ရဲ့ စုံတွဲတေးသွား တီးတတ်လား "

" နည်းနည်းပါ ချန်ဦးရီးတော်က သင်ပေးဖူးပါတယ် "

" ဒါဆို တီးခတ်ကြည့်ပါလား ရှန်းအာက နားဆင်ချင်လို့ပါ "

" ကောင်းပါပြီ "

စုံတွဲတေးသွားရဲ့ သာယာလှတဲ့ အသံက ဥယျာဉ်တော်အတွင်း ပျံ့နှံ့နေတယ်။တာ့ရီရှန်းစန်းကလည်း တာ့ရှန်းပြည်ရဲ့ စုံတွဲတေးသွားကို နားဆင်ရလို့ ဝမ်းသာနေတယ်။တေးသွားကို ပုံဖော်ရင်း ကျန့်က တာ့ရှန်းမင်းသမီးကို ကြည့်ပြီး ပြုံးယောင်သမ်းမိတယ်။ဒီမင်းသမီးက သူ့ကို ခင်တွယ်နေတာ ကျန့်သတိထားမိတယ်။ဦးရီးတော်ကို ကြိုက်နေလို့ တမင်အရေးပေးတာ မဟုတ်မှန်းသတိထားမိတယ်။တာ့ရီရှန်းစန်းက နန်းတွင်းကို ရောက်နေတာ တစ်ပတ်ကျော်လောက်ရှိပြီဆိုပေမဲ့ ဝမ်မင်းကြီးက သူ့ကို လျစ်လျူရှုထားပြီး မိဖုရားအဖြစ်မြှောက်မဲ့အကြောင်းကို မကြေညာသေးဘူး။ အတိတ်ကဖြစ်ရပ်တွေနဲ့ ဖြေးဖြေးချင်းကွဲလွဲနေတာကို ကျန့်သတိထားမိတယ်။တာ့ရီရှန်းစန်းက အခုချိန်ထိ တာ့ရှန်းပြည်ရဲ့ မင်းသမီးအနေနဲ့ပဲ ရှိနေသေးတယ်။

ကျန့်အနေနဲ့ အတိတ်ကလို ချန်ဦးရီးတော်ကို မသေဆုံးစေချင်ဘူး။တာ့ရီရှန်းစန်းအပေါ် ဘယ်လိုသဘောထားကြောင်း မသိသေးပေမဲ့ တာ့ရီရှန်းစန်းက ချန်ဦးရီးတော်ရဲ့ လက်တွဲဖော်အနေနဲ့ သင့်လျော်တယ်။စိတ်သဘောထားဖြူစင်ပြီး ချောမောလှပတဲ့ မင်းသမီးတစ်ပါးအနေနဲ့ အေးချမ်းတည်ငြိမ်တဲ့ တာ့ရီရှန်းစန်းက ချန်ဦးရီးတော်ရဲ့ဝမ်ဖေးနေရာအတွက် သိပ်အဆင်ပြေတယ်။

𝙇𝙚𝙜𝙚𝙣𝙙 𝙊𝙛 𝙓𝙞𝙖𝙤..... Where stories live. Discover now